• Follow Us on

Home မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သူများကိုရှုတ်ချပွဲပြုလုပ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သူများကိုရှုတ်ချပွဲပြုလုပ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် တပ်မတော်မြတ်နိုးသူများ၊ မျိုးချစ်အဖွဲ့များစုပေါင်း၍ ယမန် နေ့နံနက် ၁၁ နာရီအချိန်က ပြည်တွင်းရေးဝင်ရောက်စွက်ဖက်သူများအား ရှုတ်ချပွဲကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။

 

အဆိုပါရှုတ်ချပွဲကို ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် ၄၁၀(A)၊ ရန်-မန်းလမ်း ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် စုရပ်ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်မတော်မြတ်နိုးသူများ၊ မျိုးချစ် အဖွဲ့များ စုစုပေါင်း အင်အား (၁၂၀) ခန့်က အကြမ်းဖက်ထောက်ခံသူများအား (ဆန့်ကျင်ကြ၊ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်သူများအား ဆန့်ကျင်ကြ၊ သတင်းအမှားများထုတ်ပြန်နေသော ပြည်တွင်း/ပြည်ပ မီဒီယာ များအား အလိုမရှိ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဓွန့်ရှည်တည်တံ့ပါစေ အစရှိသည့် စာတမ်းပါ ဆိုင်း ဘုတ်များကိုင်ဆောင်၍ ကြွေးကြော်ကာ ချမ်းမြသာစည်လေဆိပ်ဟောင်းရှေ့စုရပ်မှ ရန်-မန်းလမ်းအတိုင်း တောင်မှမြောက်ဘက် စစ်ကိုင်းလမ်းခွဲအထိ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post