• Follow Us on

Home မန္တလေးမြို့ နန်းရှေ့ ၁၉ လမ်းရှိ ရေနီမြောင်းထဲတွင် ရေနစ်သေဆုံးသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

မန္တလေးမြို့ နန်းရှေ့ ၁၉ လမ်းရှိ ရေနီမြောင်းထဲတွင် ရေနစ်သေဆုံးသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ ၁၉ လမ်း ရေနီမြောင်းထဲတွင် အမျိုးသားတစ်ဦး ရေနစ်၍ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

 

ယနေ့ ဇန်နဝါရီလ နံနက်  ၇ နာရီ ၃၀ အချိန်တွင် သေဆုံးသူ၏ ရုပ်အလောင်းကို နယ်မြေခံလူမှုကူညီ ရေးအသင်းမှ သယ်ဆောင်၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

“ရေနစ်ပြီးသေတာ။ နည်းနည်းလည်း သောက်ထားတာနဲ့တူတယ်။ သူက အသက် (၂၂) နှစ်ပဲရှိသေးတယ်” လို့ ရုပ်အလာင်းကိုသွားရောက်သယ်ဆောင်သည့် နယ်မြေခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

ထိုရေမြောင်းထဲတွင် ရေနစ်သေဆုံးသည့် အမျိုးသားမှာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ကွက်သစ်(၃) တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post