• Follow Us on

Home မန္တလေးရှိ စာအုပ်အဟောင်းဆိုင်တစ်ဆိုင်တွင် တပ်မတော်နှင့်ပတ်သက်သည့် စာအုပ်များ ရောင်းချနေသဖြင့် သိမ်းဆည်း

မန္တလေးရှိ စာအုပ်အဟောင်းဆိုင်တစ်ဆိုင်တွင် တပ်မတော်နှင့်ပတ်သက်သည့် စာအုပ်များ ရောင်းချနေသဖြင့် သိမ်းဆည်း

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ အကွက် (၁၆၁)၊ ၂၂ လမ်း၊ ၈၃x၈၄ လမ်းကြားရှိ “နှောင်းတကြော့လှိုင်” စာအုပ်အဟောင်း အရောင်းဆိုင်တွင် တပ်မတော်၏ လျှို့ဝှက်၊ ကန့်သက်၊ ဌာနဆိုင်ရာများ၏ စာအုပ်များရောင်းချနေသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၂၅)ရက် ညနေ (၃)နာရီ အချိန်က “နှောင်းတကြော့လှိုင်” စာအုပ်အဟောင်း အရောင်းဆိုင်တွင် တပ်မတော်၏ ဦးရေးထောက်စာအုပ်များ၊ ဦးစီးတာဝန်များ၏ ရုံးတံဆိပ်ပါနှင့် စာအုပ်များ၊ ပြည်ထဲရေး၏ ဦးစီး တာဝန်စာအုပ်များ၊ တပ်မတော်စစ်ရုံးဦးစီးရုံးများ၊ တပ်မတော်၏ လျှို့ဝှက်အပ်သော စာအုပ်များ၊ ကန့်သတ် အဆင့်ရှိသော လပခ စစ်ရေးဌာန၏ စာအုပ်များ၊ လပခ စစ်ရေးဌာန ရေး(၃) စာအုပ်များ၊ ဌာနဆိုင်ရာ အစုံ၏ စာအုပ်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များစသည့် စာအုပ်များကို ရောင်းချနေကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့သည်။

 

ယင်းသို့ စစ်ဆေးရာတွင် “နှောင်းတကြော့လှိုင်” စာအုပ်အဟောင်း အရောင်းဆိုင်ပိုင်ရှင် ဦးနေမျိုးထွန်း၏ ပြောပြချက်အရ ၎င်းစာအုပ်များသည် အနယ်နယ်အရပ်ရပ်ရှိ စာအုပ်အဟောင်း ရောင်းဝယ်ရေးဆိုင်များမှ တစ်ပိဿာ ၂၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူ၍ တစ်ပိသာ ၃၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ယင်းအပြင် အဆိုပါ စာအုပ်အဟောင်းအရောင်းဆိုင်အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးရာတွင် တပ်မတော်သင်ခန်းစာ စာအုပ် (၁၃၆)အုပ်၊ တပ်မတော်မဂ္ဂဇင်းစာအုပ် (၁၅)အုပ်၊ တပ်မတော်စစ်ရေးပြ သင်ခန်းစာ စာအုပ် (၁)အုပ်၊ ရဲတပ်သားဥပဒေစာအုပ် (၆)အုပ် စုစုပေါင်း (၁၅၈)အုပ်အား ထပ်မံသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ သိမ်းဆည်းရရှိခဲ့သည့် စာအုပ်များအား ဒီဇင်ဘာလ (၂၆) ရက် ညနေ (၃) နာရီခန့်အချိန်တွင် တာဝန်ရှိ သူထံ အပ်နှံပြီး လပလ(နန်းတွင်း)၌ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post