• Follow Us on

Home မန္တလေးရှိ နိုင်ငံကူးလက်မှတ်ရုံး၌ Passport ပြုလုပ်ရန် တန်းစီတိုးကြရာမှ လူအုပ်ပိပြီး အမျိုးသမီး ၂ ဦး သေဆုံး မှုဖြစ်ပွား

မန္တလေးရှိ နိုင်ငံကူးလက်မှတ်ရုံး၌ Passport ပြုလုပ်ရန် တန်းစီတိုးကြရာမှ လူအုပ်ပိပြီး အမျိုးသမီး ၂ ဦး သေဆုံး မှုဖြစ်ပွား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ၆၅ လမ်း၊ ၆၆ လမ်းနှင့် ၁၂ လမ်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၌ ယနေ့ နံနက် ၂ နာရီကျော်အချိန်က Passport ပြုလုပ်ရန် တန်းစီကြရာမှ လူအုပ်ပိပြီး အမျိုးသမီး ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

 

“အဲ့ဒီလူတွေက ညလုံးပေါက် တန်းစီနေတာ။ လူပိပြီး အောက်ဆီဂျင်ပြတ်တဲ့ ၃ ယောက်ထဲ ၂ ယောက်ဆုံးတာ။ အသေးစိတ်တော့ မသိသေးဘူး” ဟု လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

 

သေဆုံးသူများမှာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အကွက် ၆၇ နေထိုင်သည့် ဒေါ်ခင်မျိုးအေး ၅၂ နှစ်နှင့် အကွက် ၇ နေ ဒေါ်ခိုင်ငွေ ၃၉ နှစ်တို့ဖြစ်ပြီး၊ အောင်သပြေရပ်ကွက် ဒေါ်ဌေးဌေးဝင်း ၅၃ နှစ်မှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်းနှင့် သေ ဆုံးထိခိုက်သူများသည် တန်းစီပြီး နေရာရောင်းနေသည့်သူများဖြစ်ကြောင်း ဒေသခံများ ပြောဆိုကြသည်။

 

#PeopleMedia


Share this post