• Follow Us on

Home မန္တလေးလေဆိပ်တာဝန်ကျသည့် ဒုရဲအုပ်နှင့် ဇနီးကို စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာအနီးတွင် PDF အဖွဲ့ ဝင်များမှ သတ်ဖြတ်

မန္တလေးလေဆိပ်တာဝန်ကျသည့် ဒုရဲအုပ်နှင့် ဇနီးကို စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာအနီးတွင် PDF အဖွဲ့ ဝင်များမှ သတ်ဖြတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄

 

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီး ဒေါ်သူဇာထွန်းကို စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာအနီးတွင် PDF အဖွဲ့ဝင်များမှ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

စက်တင်ဘာလ (၁၃)ရက် ညနေ (၃)နာရီ (၁၀)မိနစ်အချိန်ခန့်က ဒုရဲအုပ် သန်းမင်းစိုးသည် ဇနီးဒေါ်သူဇာထွန်း၊ သမီးဖြစ်သူ မခင်ဂျူးဂျူးစိုး (၉)နှစ်နှင့် သားဖြစ်သူ မောင်ကောင်းဇေပိုင်မင်းစိုး (၂)နှစ် တို့နှင့်အတူ Honda Fit ခဲရောင် မော်တော်ယာဉ်ဖြင့် စစ်ကိုင်းမြို့၏ အနောက်ဘက် (၇) မိုင်ခန့်အကွာရှိ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူ ကျေးရွာသို့ သွားရောက်ခဲ့သည်။

 

ယင်းနောက်တွင် သလွန်ဖြူကျေးရွာအနီးရှိ ရွှေဘုံသာဘုန်းကြီးကျောင်းအနီး ရောက်ရှိခဲ့ပြီး ကားအား ရပ်ထားခဲ့ ကာ သလွန်ဖြူကျေးရွာရှိ ဒေါ်သူဇာထွန်း၏ မိခင်ဖြစ်သူ ဒေါ်လှမြိုင် အားကန်တော့ခဲ့ပြီး ပြန်လာစဉ် PDF အဖွဲ့ ဝင် (၈) ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်မှုကြောင့် ဒုရဲအုပ် သန်းမင်းစိုးတွင် နဖူးနှင့် ဝဲနားထင်ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံး သွားကြောင်းနှင့် သားဖြစ်သူ မောင်ကောင်းဇေပိုင်မင်းစိုးတွင် တင်ပါးကျည်ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ ကြောင်း သိရသည်။

 

၎င်းနောက်တွင် PDF အဖွဲ့ဝင်များအနေဖြင့် ဒုရဲအုပ် သန်းမင်းစိုး၏ ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းအား ကျေးရွာ အနောက်ပိုင်းသို့ ခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ငယ်ထိပ်ကျည် ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံး သွားခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်ပြီးနောက် PDF အဖွဲ့ဝင်များသည် ဒေါ်သူဇာထွန်း၏ အလောင်းအား ဒုရဲအုပ် သန်းမင်းစိုး၏ အလောင်းအနီးသ့ို ပြန်လည် သယ်ဆောင်ထား ရှိခဲ့ကြောင်းနှင့် အကြမ်းဖက်အုပ်စု PDF များသည် မော်တော် ယာဉ်အား ယူဆောင်ကာ ညောင်ကုန်းကျေးရွာဘက်သို မောင်းနှင်ထွက်ခွာသွားကြောင်း သိရသည်။

 

ထို့နောက်တွင် သေဆုံးသူ (၂)ဦးနှင့် ဒဏ်ရာရရှိသူ (၁)ဦးတ့ိုအား အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် စစ်ကိုင်းဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား ဆေးကုသပေးနေကြောင်းနှင့် သမီးဖြစ်သူ မခင်ဂျူးဂျူးစိုးအား ဒေါ်သူဇာထွန်း၏ မိခင်ဖြစ်သူ ဒေါ်လှမြိုင်မှ ခေါ်ဆောင်ထားကြောင်း သိရသည်။

 

#PeopleMedia


Share this post