• Follow Us on
Latest News

Home မန္တလေး-နေပြည်တော်အမြန်လမ်းမကြီးတွင် HIJET အဖြူရောင်ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ တိမ်း မှောက်မှုဖြစ်ကာ ၂ ဦး သေဆုံး

မန္တလေး-နေပြည်တော်အမြန်လမ်းမကြီးတွင် HIJET အဖြူရောင်ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ တိမ်း မှောက်မှုဖြစ်ကာ ၂ ဦး သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁

 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မန္တလေး-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၇/ဝ)နှင့် ၂၁၈/၁) ကြားတွင် ယနေ့ နံနက် ၈ နာရီ ၄၀ အချိန်က HIJET အဖြူရောင်ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ကာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

မန္တလေး-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၇/ဝ)နှင့် ၂၁၈/၁)ကြားတွင် HIJET အဖြူရောင် ယာဉ် (၁)စီးသည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ကျား(၄)ဦး၊ မ(၄)ဦး စုစုပေါင်း (၈) ဦးအနက် ယာဉ်မောင်း ကျား(၁)ဦး(သေဆုံး)၊ ယာဉ်ပေါ်ပါ မ(၁)ဦး(သေဆုံး)၊ ကျား(၁)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)၊ ကျား(၂)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား အမြန်လမ်းမကြီးရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post