• Follow Us on
Latest News

Home မန္တလေး-မြစ်ကြီးနားလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်မှ မတော်တဆတိုက်မိရာမ ှကလေးငယ်တစ်ဦးသေဆုံး

မန္တလေး-မြစ်ကြီးနားလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်မှ မတော်တဆတိုက်မိရာမ ှကလေးငယ်တစ်ဦးသေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှ၊ ပြည်စိုးအောင်ရပ် မန္တလေး-မြစ်ကြီးနား လမ်းမပေါ်တွင်  အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၅၀ အချိန်က ခရီးသည်တင်ယာဉ်မှ မတော်ဆတိုက်မိပြီး ကလေး ငယ်တစ်ဦး သေဆုံးခဲ့ကြောင်း Let_Pan_Hla_RESCUE မှ သိရသည်။

 

ခရီးသည်တင်ယာဉ်နှင့် ကလေးငယ်တစ်ဦး မတော်ဆတိုက်မိ၍ ကူညီကယ်ဆယ်နိုင်ရန် Let_Pan_Hla_ RESCUE အဖွဲ့ရုံးသို့ အကူအညီတောင်းခံခြင်းကြောင့် ကယ်ဆယ်ရေးသမား(၃)ဦး၊ လူနာယာဉ်(၁)စီးဖြင့် အချိန်မီသွားရောက်ခဲ့သော်လည်း (၆) နှစ်အရွယ်ကလေးငယ်မှာ ဖြစ်စဉ်နေရာတွင် သေဆုံးသွားပါသဖြင့် စဉ့်ကူးမြို့နယ်ဆေးရုံရှိ Module သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post