မန္းေရႊစက္ေတာ္ဘုရားတြင္ လံုၿခံဳေရး၀န္ထမ္းမ်ားႏွင့္ အလွဴခံဌာန၀န္ထမ္းမ်ားအား လစာအျပင္ စားစရိတ္ တစ္ရက္ကို ငါးေထာင္ေထာက္ပံ့

PUBLISHED - February 17, 2020
မန္းေရႊစက္ေတာ္ဘုရားႀကီးတြင္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား စားစရိတ္အေနျဖင့္ ေန႔စဥ္က်ပ္ ၅၀၀၀ ေထာက္ ပံ့ထားၿပီး က်န္းမာသန္႔ရွင္းေရးဝန္ထမ္းမ်ားအတြက္ တစ္ေန႔လွ်င္ ၇၀၀၀က်ပ္၊ လုံၿခဳံေရးဝန္ထမ္းမ်ားႏွင့္ အလွဴ ခံဌာနဝန္ထမ္းမ်ားကို လစာအျပင္ စားစရိတ္အျဖစ္ တစ္ေန႔ကို ၅၀၀၀ က်ပ္ေထာက္ပံ့ေပးထားေၾကာင္း သိရ သည္။
“ရဲဝန္ထမ္း ၁၂၁ ဦးနဲ႔ အရပ္သားလုံၿခဳံေရး ၃၀ ခန္႔ထားရွိထားၿပီး လုံၿခဳံေရးအတြက္ ပိုမိုစိတ္ခ်ရေအာင္ CCTV ကင္မရာမ်ား က်ပ္သိန္း ၁၅၀၀ ေက်ာ္ဖိုးခန္႔ ထပ္မံတပ္ဆင္ထားတယ္။ နည္းပညာနဲ႔ လုံၿခဳံေရးအကူအညီ ရယူ ထားၿပီး တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ အစီအစဉ္ျဖစ္ပါတယ္” ဟု မန္းေရႊစက္ေတာ္ဘုရားေဂါပကအဖြဲ႕မွ အတြင္းေရးမွဴး ဦးခင္ေမာင္စိုးကေျပာသည္။
ဘုရားပြဲေတာ္ကာလအတြင္း လာေရာက္တာဝန္ထမ္းေဆာင္ေပးၾကတဲ့ ဌာနဆိုင္ရာဝန္ထမ္းမ်ားအပါဝင္ အဖြဲ႕ အစည္းတခ်ဳိ႕ကိုလည္း ဘုရားႀကီး၏ ရန္ပုံေငြအတြင္းမွ စားစရိတ္ထုတ္ႏုတ္ေထာက္ပံ့ေငြေပးေဆာင္ရြက္လွ်က္ ရွိၿပီး ဘုရားပြဲေတာ္ၿပီးစီးတဲ့အခ်ိန္မွာ ဘုရားႀကီးရဲ႕ဘ႑ာေငြ ၁၈၀၀ ေက်ာ္ကုန္က်ႏိုင္ေၾကာင္း ခန္႔မွန္းထားတယ္ လို႔ ၄င္းမွေျပာသည္။
၂၀၂၀ ခုႏွစ္ ဇန္နဝါရီလပိုင္းအထိ မန္းေရႊစက္ေတာ္ဘုရားႀကီး၏ရန္ပုံေငြသည္ က်ပ္သိန္းေပါင္း ၇၀၀၀၀ ေက်ာ္ ရွိၿပီး ဘုရားႀကီးတြင္ တာဝန္ထမ္းေဆာင္ေနသူ ၃၆၂ ဦးရွိၿပီး ဘုရားပြဲေတာ္ကိုမွီ၍ လုပ္ကိုင္စားေသာက္ေနသူ ၂၀၀၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။
(Unicode)
မန်းရွှေစက်တော်ဘုရားတွင် လုံခြုံရေးဝန်ထမ်းများနှင့် အလှူခံဌာနဝန်ထမ်းများအား လစာအပြင် စားစရိတ် တစ်ရက်ကို ငါးထောင်ထောက်ပံ့
……………………………………………………
မန်းရွှေစက်တော်ဘုရားကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားစရိတ်အနေဖြင့် နေ့စဉ်ကျပ် ၅၀၀၀ ထောက် ပံ့ထားပြီး ကျန်းမာသန့်ရှင်းရေးဝန်ထမ်းများအတွက် တစ်နေ့လျှင် ၇၀၀၀ကျပ်၊ လုံခြုံရေးဝန်ထမ်းများနှင့် အလှူ ခံဌာနဝန်ထမ်းများကို လစာအပြင် စားစရိတ်အဖြစ် တစ်နေ့ကို ၅၀၀၀ ကျပ်ထောက်ပံ့ပေးထားကြောင်း သိရ သည်။
“ရဲဝန်ထမ်း ၁၂၁ ဦးနဲ့ အရပ်သားလုံခြုံရေး ၃၀ ခန့်ထားရှိထားပြီး လုံခြုံရေးအတွက် ပိုမိုစိတ်ချရအောင် CCTV ကင်မရာများ ကျပ်သိန်း ၁၅၀၀ ကျော်ဖိုးခန့် ထပ်မံတပ်ဆင်ထားတယ်။ နည်းပညာနဲ့ လုံခြုံရေးအကူအညီ ရယူ ထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးခင်မောင်စိုးကပြောသည်။
ဘုရားပွဲတော်ကာလအတွင်း လာရောက်တာဝန်ထမ်းဆောင်ပေးကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းများအပါဝင် အဖွဲ့ အစည်းတချို့ကိုလည်း ဘုရားကြီး၏ ရန်ပုံငွေအတွင်းမှ စားစရိတ်ထုတ်နုတ်ထောက်ပံ့ငွေပေးဆောင်ရွက်လျှက် ရှိပြီး ဘုရားပွဲတော်ပြီးစီးတဲ့အချိန်မှာ ဘုရားကြီးရဲ့ဘဏ္ဍာငွေ ၁၈၀၀ ကျော်ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားတယ် လို့ ၄င်းမှပြောသည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလပိုင်းအထိ မန်းရွှေစက်တော်ဘုရားကြီး၏ရန်ပုံငွေသည် ကျပ်သိန်းပေါင်း ၇၀၀၀၀ ကျော် ရှိပြီး ဘုရားကြီးတွင် တာဝန်ထမ်းဆောင်နေသူ ၃၆၂ ဦးရှိပြီး ဘုရားပွဲတော်ကိုမှီ၍ လုပ်ကိုင်စားသောက်နေသူ ၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
#PeopleMedia