မန္းေရႊစက္ေတာ္ဘုရားပြဲမွ ဆိုင္ခန္းမ်ား မတ္လ ၂၀ ရက္ေန႔ ေနာက္ဆံုး ထြက္ခြာရမည္၊ ဆိုင္ပိုင္ရွင္မ်ား သြင္း ထားသည့္ ေလလံေၾကးမ်ားကို ရာႏႈန္းတြက္၍ တိုင္းအစိုးရမွ ျပန္ေပးမည္
PUBLISHED - March 16, 2020
ရန္ကုန္၊ မတ္ – ၁၆
မန္းေရႊစက္ေတာ္ဘုရားပြဲမွ ဆိုင္ခန္းမ်ား မတ္လ ၂၀ ရက္ေန႔ ေနာက္ဆံုး ထြက္ခြာရမည္ျဖစ္ၿပီး ဆိုင္ပိုင္ရွင္မ်ား သြင္းထားသည့္ ေလလံေၾကးမ်ားကို ရာႏႈန္းတြက္၍ တိုင္းအစိုးရမွ ျပန္ေပးမည္ျဖစ္ေၾကာင္း ဘုရားေဂါပကအဖြဲ႕ အတြင္းေရးမွဴးဦးခင္ေမာင္စိုးမွ ေျပာသည္။
မတ္လ ၁၃ ရက္ေန႔က စတင္ပိတ္သိမ္းလိုက္တဲ့ မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္အတြင္းက ေစ်းဆိုင္ခန္းမ်ားႏွင့္ တည္းေက်ာင္းမ်ားကို မတ္လ ၂၀ ရက္ေန႔ ေနာက္ဆုံးထား၍ ဖ်က္သိမ္းထြက္ခြာၾကရမည္ျဖစ္သည္။
“ပြဲေတာ္ပိတ္သိမ္းခဲ့လိုက္ရလို႔ သူတို႔ဆီမွာ ျဖစ္ေပၚလာတဲ့ နစ္နာမႈေတြအတြက္ သူတို႔သြင္းထားတဲ့ ေလလံ/ တင္ဒါ ေအာင္ေငြေၾကးေတြထဲကေန ရာႏႈန္းတြက္ၿပီး ျပန္လည္ေပးအပ္မွာပါ၊ ဘယ္လိုရာႏႈန္းနဲ႔ ျပန္လည္ေပး အပ္ျဖစ္မလဲဆိုတာကေတာ့ တနလၤာေန႔ တိုင္းေဒသႀကီးအစိုးရဖြဲ႕႐ုံးက အတည္ျပဳခ်က္အေပၚ မူတည္မွာပါ”ဟု ဘုရားေဂါပကအဖြဲ႕အတြင္းေရးမွဴး ဦးခင္ေမာင္စိုးမွ ေျပာသည္။
မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္ကို ရက္ေပါင္း(၈၀)က်င္းပရန္ ရည္ရြယ္ထားၿပီး COVID -19 ေရာဂါ ႀကိဳတင္ ကာကြယ္ထိန္းခ်ဳပ္ေရးအေနျဖင့္ ပိတ္သိမ္းခဲ့ရသျဖင့္ ရက္ေပါင္း (၄၄) ရက္သာ က်င္းပႏိုင္ခဲ့သည္။
(Unicode)
မန်းရွှေစက်တော်ဘုရားပွဲမှ ဆိုင်ခန်းများ မတ်လ ၂၀ ရက်နေ့ နောက်ဆုံး ထွက်ခွာရမည်၊ ဆိုင်ပိုင်ရှင်များ သွင်း ထားသည့် လေလံကြေးများကို ရာနှုန်းတွက်၍ တိုင်းအစိုးရမှ ပြန်ပေးမည် …………………………………………………………………
ရန်ကုန်၊ မတ် – ၁၆
မန်းရွှေစက်တော်ဘုရားပွဲမှ ဆိုင်ခန်းများ မတ်လ ၂၀ ရက်နေ့ နောက်ဆုံး ထွက်ခွာရမည်ဖြစ်ပြီး ဆိုင်ပိုင်ရှင်များ သွင်းထားသည့် လေလံကြေးများကို ရာနှုန်းတွက်၍ တိုင်းအစိုးရမှ ပြန်ပေးမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူးဦးခင်မောင်စိုးမှ ပြောသည်။
မတ်လ ၁၃ ရက်နေ့က စတင်ပိတ်သိမ်းလိုက်တဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်အတွင်းက ဈေးဆိုင်ခန်းများနှင့် တည်းကျောင်းများကို မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ဖျက်သိမ်းထွက်ခွာကြရမည်ဖြစ်သည်။
“ပွဲတော်ပိတ်သိမ်းခဲ့လိုက်ရလို့ သူတို့ဆီမှာ ဖြစ်ပေါ်လာတဲ့ နစ်နာမှုတွေအတွက် သူတို့သွင်းထားတဲ့ လေလံ/ တင်ဒါ အောင်ငွေကြေးတွေထဲကနေ ရာနှုန်းတွက်ပြီး ပြန်လည်ပေးအပ်မှာပါ၊ ဘယ်လိုရာနှုန်းနဲ့ ပြန်လည်ပေး အပ်ဖြစ်မလဲဆိုတာကတော့ တနင်္လာနေ့ တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးက အတည်ပြုချက်အပေါ် မူတည်မှာပါ”ဟု ဘုရားဂေါပကအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်စိုးမှ ပြောသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကို ရက်ပေါင်း(၈၀)ကျင်းပရန် ရည်ရွယ်ထားပြီး COVID -19 ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ပိတ်သိမ်းခဲ့ရသဖြင့် ရက်ပေါင်း (၄၄) ရက်သာ ကျင်းပနိုင်ခဲ့သည်။
#PeopleMedia