• Follow Us on
Latest News

Home မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်နေသော ဓာတ်လှေကားကို ဖေဖော်ဝါရီလ ဒုတိယပတ်၌ အပြီး သတ်ဆောင်ရွက်မည်

မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်နေသော ဓာတ်လှေကားကို ဖေဖော်ဝါရီလ ဒုတိယပတ်၌ အပြီး သတ်ဆောင်ရွက်မည်

Share this post

မကွေး၊ ဇန်နဝါရီ ၃၁ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက် လျက်ရှိသော ဓါတ်လှေကားတည်ဆောက်ရေးလုပ်ငန်းအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း အပြီး သတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ဓါတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge)တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၁ခုနှစ် ဇွန်လ ၂၉ရက်နေ့မှ စတင်ကာ Phase-1 နှင့် Phase-2 ဟူ၍ နှစ်ပိုင်းခွဲဆောင်ရွက်ခဲ့ပြီး၊ ယခုအခါ ဓာတ်လှေကား အဆောက်အဦတည်ဆောက်ရေး Phase-1 အပိုင်းမှာ အချောသတ်ဆေးသုတ်ခြင်း၊ ဉာဏ်းဖြုတ်ခြင်း၊ ဓါတ် လှေကားပတ်လမ်းနှင့် ကားပါကင် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများသာ ကျန်ရှိတော့ကြောင်း၊ တည်ဆောက် ရေးလုပ်ငန်းအားလုံး ၉၅ ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်သည်။

 

ဓါတ်လှေကားတာဝါတည်ဆောက်ရေး Phase-2 အပိုင်းတွင် ဓာတ်လှေကားအိမ်တပ်ဆင်ရန် ကားဖရိန်နှင့် ကောင်တာဝိတ်ဖရိန် တပ်ဆင်ခြင်းများကို ဇန်နဝါရီ ၁၆ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ဓါတ်လှေကား စတင် အသုံးပြု စမ်းသပ်မောင်းနှင်ခြင်း (EI စစ်ဆေးခြင်း)များကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို Phase-1 အပိုင်းအဖြစ် နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုး ခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ  x အကျယ် ၁၂ ပေ)ရှိပြီး ဘုရားကြီးဘဏ္ဍာငွေမှ ခွင့်ပြု‌ငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် တည်ဆောက်နေကြောင်း၊ ဓာတ်လှေကား Phase-2 အပိုင်းကို AGT ကုမ္ပဏီက စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစား Lift Tower နှစ်စင်းကို ခွင့်ပြု‌ငွေကျပ်သိန်းပေါင်း (၂၃၀၀)ခန့်ဖြင့် မှာယူကာ အတက်နှင့် အဆင်းဟူ၍ တပ်ဆင်ဆောင်ရွက်နေပြီး ဖြစ်ကြောင်း သိရသည်။

 

ဓာတ်လှေကားတည်ဆောက်ပြီးပါက ဓာတ်လှေကားတစ်စင်းကို လူ(၂၀)နှုန်းဖြင့် လိုက်ပါစီးနင်းနိုင်မည်ဖြစ် ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia #မန်းရွှေစက်တော်ဘုရားကြီး

 

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post