• Follow Us on
Latest News

Home မန်းရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီလ (၁၄) ရက်မှ စတင်ကာ (၆၄) ရက်ကြာ ကျင်းပမည်

မန်းရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီလ (၁၄) ရက်မှ စတင်ကာ (၆၄) ရက်ကြာ ကျင်းပမည်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲကို ယခုလာမည့် ဖေဖော်ဝါရီလ (၁၄)ရက် (တပိုတွဲလဆန်း ၅ ရက်) မှ စတင်ကာ ဧပြီလ (၁၇)ရက်နေ့ (နှစ်ဆန်း တစ်ရက်နေ့) ထိ (၆၄) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

 

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်တပို့တွဲလဆန်း(၅)ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ ရက်ပေါင်း(၈ဝ)ကြာ ကျင်းပပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်သည် မြန်မာလ ဝါထပ်သည့်နှစ် ဖြစ်သည့် အတွက် ပွဲတော်ရက်ကာလကို (၆၄)ရက်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘုရားပွဲကာလတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခို ဆောင် အလုံးပေါင်း (၈ဝဝ)ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း (၄ဝဝ)ခန့်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူး များကို ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် မန်းရွှေစက်တော်ဘုရားပွဲတော်နှင့်အတူ ဆင်ပြတိုက်ရှိသည့် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် မန်းရွှေစက်တော်ဘုရားသို့ သွားသည့် (၃)မိုင် အဝင်လမ်း၌ Landscape အလှပန်းခြံ၊ ပန်း အိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးရန် ဆောင်ရွက်ခြင်း၊ မြေထိန်း နံရံတည်ဆောက်ခြင်း၊ (၃) မိုင် လမ်းတစ် လျှောက် (Flower Box) ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ဘုရားဖူးများ သွားလာရေး အဆင်ပြေစေရန် (Box Culvert) တံတားငယ်နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

 

#PeopleMedia


Share this post