မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက်၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ် ၄ ဦးနှင့်အထက် အဖမ်းခံရ

PUBLISHED - August 23, 2021
နေပြည်တော်၊ သြဂုတ် ၂၃ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက်တွင် သြဂုတ်လ ၂၃ ရက်နေ့ ယနေ့ နံနက်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူများက အတည်ပြုပါတယ်။
ဖမ်းဆီးခံရသူများသည် လူ ၄ ဦးနှင့်အထက်ရှိမယ်လို့ ပြောဆိုမှုများ ရှိပါတယ်။
မနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းအရ ရပ်ကွက်အတွင်း ဝင်ရောက်ရှာဖွေရာတွင် သေနတ်ဖြင့် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ဖြစ်တာကတော့ ဟုတ်တယ်၊ လူလေးဦးလောက် အဖမ်းခံသွားရတာကတော့ သိရတယ်” လို့ ရပ်ကွက် အတွင်းနေထိုင်သူတစ်ဦးက အတည်ပြုပါတယ်။
ပြီးခဲ့သည့်လပိုင်းအတွင်း သမိုင်း ၁ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဗုံးဖောက်ခွဲမှုဖြစ်စဉ်များ၊ ရွှေဆိုင်အား ဓားပြတိုက်မှုဖြစ်စဉ်များနှင့် ရပ်ကွက်နေပြည်သူများ သတ်ဖြတ်ခံရမှုဖြစ်စဉ်များလည်း ဖြစ်ပွား မှုရှိခဲ့သည်။
#PeopleMedia #မရမ်းကုန်း
(unicode)
………………………………………………………………………