မရမ်းကုန်းမြို့တွင် ကွန်တိန်နာယာဉ်နှင့် ဘေးတွဲဆိုင်ကယ်တို့ တိုက်မိရာ (၁) နှစ်ကျော်ကလေးအပါအဝင် (၃) ဦး သေဆုံး
PUBLISHED - December 19, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ကံ့ကော်လမ်းမကြီး ထိပ်တွင် ကွန်တိန်နာယာဉ်နှင့် ဘေးတွဲဆိုင်ကယ်တို့ တိုက်မိရာ (၁) နှစ်ကျော်ကလေးအပါအဝင် (၃) ဦး သေဆုံးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၈ ရက် ည ၈:၃၀ အချိန်တွင် ခရီးသည်များတင်ဆောင်လာသည့် ဘေးတွဲဆိုင်ကယ်မှ ဘုရင့် နောင်ဈေးလမ်းထောင်တွင် လမ်းပြောင်းပြန်မောင်းပြီး ထိုအချိန်တွင် ကွန်တိန်နာယာဉ်ဖြင့် မျက်နှာချင်း ဆိုင်တိုက်မိကြောင့် ထိုမော်တော်ဆိုင်ပေါ်တွင် လိုက်ပါသူများသည့် ကားဘိမ်းအောက်သို့ ရောက်ပြီး ကား ကြိတ်ခံရသောကြောင့် ပြည်သူများမှ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့ ကြောင်း သိရသည်။
ထိုကွန်တိန်နာယာဉ်မောင်းသူမှာထွက်ပြေးသွားကြောင်း၊ ယာဉ်တိုက်ခံရမူကြောင့် သေဆုံးသွားသူများမှာ အသက် (၃၅) နှစ်အရွယ် အမျိုးသား၊ ခရီးသည် အမျိုးသမီးနှင့် ၎င်း၏ အသက် (၁) နှစ် (၆) လအရွယ်အရှိ ကလေးတို့မှာ သေဆုံးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia