မရမ်းကုန်းမြို့တွင် ခြင်ဆေးခွေမီးမှတစ်ဆင့် တိုက်ခန်းမီးလောင်မှုဖြစ်ပွား
PUBLISHED - January 11, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝန်းအတွင်းရှိ ကမ်းနားလမ်းတွင် ခြင်ဆေးခွေမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဇန်နဝါရီလ ၁၀ ရက် ည ၉ နာရီအချိန်ခန့်တွင် ဘုရင့်နောင်ပွဲရုံဝန်းအတွင်းရှိ ကမ်းနားလမ်းတွင် မီးလောင်မှု ြုဖစ်ပွားကြောင်း သတင်းရရှိသောကြောင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီရေးအသင်းများမှ သွားရောက်ကူညီရာ ည ၉ နာရီ ၁၂ အချိန်တွင်မီးငြိမ်းသတ်သွားကြောင်း သိရသည်။
“ခြင်ဆေးခွေကနေမီးလောင်တာ။ လူထိခိုက်မှုတော့ မရှိဘူး” လို့ မြေပြင်အားသွားရောက်ကူညီသည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အလားတူ ဇန်နဝါရီလ ၁၀ ရက် ည ၉ နာရီ ၂၅ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ စံပယ်လမ်းတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့သည်။
Photo – Credit
#PeopleMedia