• Follow Us on

Home မရမ်းကုန်းမြို့တွင် အမျိုးသားတစ်ဦး တိုက်ခန်းထဲ၌ ဒဏ်ရာများဖြင့် သေဆုံးသည့် ရုပ်အလောင်းတွေ့ရှိ

မရမ်းကုန်းမြို့တွင် အမျိုးသားတစ်ဦး တိုက်ခန်းထဲ၌ ဒဏ်ရာများဖြင့် သေဆုံးသည့် ရုပ်အလောင်းတွေ့ရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ သမိုင်းမြို့သစ်(၄) လမ်း၊ တိုက် (၆) လွှာ အခန်းတွင်နေထိုင်သည့် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို အင်းစိန်ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီအချိန်တွင် တာဝန်ရှိသူများမှ နယ်မြေခံလူမှုကယ်ဆယ်ရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နရာသို့ သွားရောက်ပြီး ရုပ်အလောင်းကိုသိရသည်။

 

“ရင်ဘက်နဲ့ လည်ပင်းမှာ ဒဏ်ရာရတယ်။ စခန်းကအကြောင်းကြားလို့ သွားတာ။ အလောင်းသွားသယ်တော့ တိုက်ခန်းမှာ တစ်ခြားသူတွေတော့ မတွေ့ဘူး” လို့ ရုပ်အလောင်းအားသွားရောက်သယ်သည့် နယ်မြေခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

အဆိုပါသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှ စစ်ဆေးနေကြောင်း၊ ထိုဒဏ်ရာများဖြင့် သေဆုံးသည့် အမျိုးသားမှာ အသက်(၅၉) နှစ်ခန့်ရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post