မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ Level 2 ယာဉ်အုပ်စုများ ထပ်ခွာမီးငြှိမ်းခဲ့ရ

PUBLISHED - October 22, 2024
နေပြည်တော်၊ အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် ယနေ့ နံနက် ၆ နာရီ ၃ မိနစ် အချိန်က ပုံနိပ်စက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ရာနေရာကို Level 2 ယာဉ်အုပ်စုများ ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သမိုင်း နယ်မြေမီးသတ်းစခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး ထွက်ခွာခဲ့ပြီး နံနက် ၆ နာရီ ၁၂ အချိန်တွင် Level 1 ယာဉ်အုပ်စုထွက်ခွာခဲ့ကြောင်း၊ နံနက် ၆ နာရီ ၁၇ မိနစ် အချိန်တွင် Level 2 ယာဉ်အုပ်စု ထပ်မံ ထွက်ခွာခဲ့ ရကြောင်းနှင့် နံနက် ၆ နာရီ ၃၅ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်သည့် အိမ်သည် ပုံနှိပ်လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများလည်း လုပ်ကိုင်ပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
#PeopleMedia