မရမ်းကုန်းမြို့နယ်တွင် ဆန်ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုအား လူတစ်စုဓားပြဝင်တိုက်ပြီး သိန်း ၂၀၀ နီးပါး လုယက်သွား
PUBLISHED - August 30, 2023
နေပြည်တော်၊ သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ ဆန်ရောင်းဝယ် ရေးလုပ်ငန်းတစ်ခုကို သြဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက လူတစ်စု ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်း ၂၀၀ နီးပါးကို လုယက်ယူဆောင်သွားကြောင်း သိရသည်။
ဘုရင့်နောင်လမ်းပေါ်ရှိ သုခရှင်ဆန်ရောင်းဝယ်ရေးလုပ်ငန်းအတွင်းသို့ ဦးထုပ်ဆောင်းကာ Mask များ တပ် ထားသည့် လူ ၆ ဦးက ဓားများဖြင့် ရောက်ရှိလာကြောင်း၊ ထို့နောက် ဝန်ထမ်းများကို ခြိမ်းခြောက်ကာ မီးခံ သေတ္တာအတွင်းမှ ငွေကျပ်သိန်း၂၀၀ နီးပါးနှင့် ဝန်ထမ်းတစ်ဦး၏ လက်ကိုင်ဖုန်းတစ်လုံးကိုလည်း လုယက် ယူဆောင်ကာ ပြန်ထွက်သွားကြောင်း သိရသည်။
တရာခံများ ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များကလိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိ ကြောင်း သိရသည်။
#PeopleMedia