• Follow Us on

Home မရမ်းကုန်းမြို့နယ်ရှိ Honey Nest Bar တွင် ဗုံးပေါက်ကွဲ၊ လူထိခိုက်မှုမရှိ

မရမ်းကုန်းမြို့နယ်ရှိ Honey Nest Bar တွင် ဗုံးပေါက်ကွဲ၊ လူထိခိုက်မှုမရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက် သမိုင်းဘူတာရုံလမ်းရှိ Honey Nest Bar တွင် ယမန်နေ့ ည ၉ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက် သမိုင်းဘူတာရုံလမ်း၊ အမှတ် (၁၁၀) ရှိ Honey Nest Bar အပြင် ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အများပြည်သူထိတ်လန့်စေရန် အသံဗုံးကို PDF များက ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် လူ နှင့် ပစ္စည်းထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် သမိုင်းဘူတာရုံလမ်းရှိ Honey Nest Bar တွင် ဗုံး ၂ ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post