• Follow Us on
Latest News

Home မရမ်းကုန်းမြို့ရှိ ရေမြောင်းအစပ်တွင် အသက် (၆၀) နှစ်ရှိ အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံး

မရမ်းကုန်းမြို့ရှိ ရေမြောင်းအစပ်တွင် အသက် (၆၀) နှစ်ရှိ အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ ရေမြောင်းအစပ်တွင် အသက်(၆၀) နှစ်ရှိသည့် အမျိုးသားတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီကျော်တွင် အင်းစိန်လမ်းမကြီးပေါ်ရှိ ရေမြောင်းအစပ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း တာဝန်သိပြည်သူများမှ တွဲလက်လူမှုကူညီရေးအဖွဲ့သို့ ဖုန်းဆတ်အကြောင်းကြား သော ကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

 

ထိုသတ်ဖြတ်ခံရသည့် အသက်(၆၀) နှစ်အရွယ် ဦးသက်နိုင်၏ ဘယ်ဘက်နားရွက်တွင်ပြတ်ရှ၊ ဘယ်ဘက်နံ တွင်ထိုးသွင်းဒဏ်ရာ (၄) ချက်၊ ညာဘက်နံတွင်ထိုးသွင်းဒဏ်ရာ (၁) ချက်၊ လည်ပင်းတွင် (၃) ချက်၊ ဦးခေါင်း ကွဲ (၁) ချက်နှင့် ဘယ်ဘက်ပေါင်တွင် ထိုးသွင်းဒဏ်ရာ (၁) တို့ရရှိပြီး သေဆုံးနေကြောင်း၊ ၎င်းကိုမည်သူများမှ သတ်ဖြတ်သည်ကို သိရှိရခြင်းမရှိကြောင်း၊ လက်ရှိအချိန်တွင် သတ်ဖြတ်သွားသူများကို ဖမ်းဆီးရရှိခြင်း မရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post