• Follow Us on
Latest News

Home မလိုအပ်တဲ့အသုံးစရိတ်တွေဖြတ်တောက်ဖို့ အစိုးရအဖွဲ့အစည်းတွေကို ဝန်ကြီးချုပ်ဆရက်ထာညွှန်ကြား

မလိုအပ်တဲ့အသုံးစရိတ်တွေဖြတ်တောက်ဖို့ အစိုးရအဖွဲ့အစည်းတွေကို ဝန်ကြီးချုပ်ဆရက်ထာညွှန်ကြား

Share this post

နိုင်ငံတကာ၊ မတ် ၈

 

နိုင်ငံအတွက် စီးပွားရေးမြှင့်တင်ရာမှာ လုံလောက်တဲ့ငွေကြေးရှိဖို့အတွက် လာမယ့် ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်မှာ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်တဲ့အသုံးစရိတ်တွေကို ဖြတ်တောက်ဖို့ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင် က ညွှန်ကြားခဲ့ကြာင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ကြာသပတေးနေ့ (မတ်လ ၇ ရက်နေ့) က ပြောကြားလိုက်ပါ တယ်။

 

အစိုးရအဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်ဘဲထပ်လုပ်နေတဲ့ စီမံချက်အများအပြား ဆောင်ရွက်နေတာကို တွေ့ရှိရ တယ်လို့ ၂၀၂၄ ခုဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဥပဒေကြမ်းကို စိစစ်ခဲ့တဲ့ အောက်လွှတ်တော်အထူးကော်မတီတစ် ရပ်ရဲ့အစီရင်ခံစာကို လက်ခံရရှိခဲ့ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဆ ရက်ထာက ပြောကြားခဲ့တယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ချိုင်းဝီချာရွန်ကီက ပြောပါတယ်။

 

၂၀၂၄ ခု ဘဏ္ဍာရေးနှစ်ဘတ်ဂျက်ဥပေဒကြမ်းက ငွေလုံးငွေရင်းအသုံးစရိတ်အချိုးဟာ ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက် နဲ့ နှိုင်းယှဉ်ရင် အလွန်များပြားနေဆဲဖြစ်ကြောင်းလည်း ဆရက်ထာက ပြောပါတယ်။

 

ရလဒ်အနေနဲ့ ၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အသုံးစရိတ်တွေအတွက် ပြင်ဆင်တဲ့အခါ မလိုအပ်တဲ့စီမံချက်လုပ်ငန်း တွေကို ရှောင်ရှားဖို့အတွက် အစိုးရအဖွဲ့အစည်းတွေအနေနဲ့ စီမံကိန်းရေးဆွဲမှုနဲ့ ဘတ်ဂျက်သုံးစွဲမှုမှာ တခြားအ စိုးရအဖွဲ့အစည်းတွေနဲ့ ပိုမိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် တိတိကျကျဆောင်ရွက်ဖို့ ဒုတိယဝန်ကြီး တွေကို ဆရက်ထာက ညွှန်ကြားခဲ့ကြောင်း ချိုင်းက ပြောပါတယ်။

 

၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ဥပဒေကြမ်းမှာ မလိုအပ်တဲ့အသုံးစရိတ်တွေကိုလည်း ဖြတ်တောက်ဖို့ အစိုးရအဖွဲ့အ စည်းတွေကို ဆရက်ထာက ညွှန်ကြားခဲ့ကြောင်း ချိုင်းက ပြောပါတယ်။

 

ဖြတ်တောက်ရမယ့်ဘတ်ဂျက်တွေထဲမှာ လူထုဆက်ဆံရေးဘတ်ဂျက်၊ သင်တန်းနဲ့ လေ့လာရေးခရီးစဉ်များ ဘတ်ဂျက်၊ ပြည်ပနိုင်ငံခရီးစဉ်ဘတ်ဂျက်နဲ့ ယာဉ်ငှားခဘတ်ဂျက်တို့ ပါဝင်ပါတယ်။

 

အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ခရီးသွားလာစရိတ်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ အကုန်အကျလျှော့ချနိုင် အောင် အွန်လိုင်းကတစ်ဆင့် ရုံးစာတွေတင်ပြတာမျိုးနဲ့ အွန်လိုင်းအစည်းအဝေးကျင်းပတာမျိုးတွေ ဆောင်ရွက် သင့်တယ်လို့ ဆရက်ထာက အကြံပြုကြောင်း ချိုင်းက ပြောပါတယ်။

 

ဝန်ထမ်းသစ်တွေခေါ်ယူရာမှာလည်း ပြည်သူ့ဝန်ထမ်းကော်မရှင်က ခွင့်ပြုထားတဲ့အတိုင်း လိုအပ်တဲ့ဝန်ထမ်းအ ရေအတွက်ကိုသာ ခေါ်ယူဖို့ အစိုးရအဖွဲ့အစည်းတွေကို ဆရက်ထာက အကြံပြုခဲ့ပါတယ်။

 

နိုင်ငံ့စီးပွားရေးပြန်လည်နာလန်ထူလာအောင်ရည်ရွယ်ပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေမှာ သုံးစွဲနိုင်ဖို့အတွက် အစိုးရဘတ်ဂျက်တွေကို ချွေတာသုံးစွဲစေချင်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

၁၃ ကြိမ်မြောက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နဲ့အညီ နိုင်ငံရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ ထုတ်လုပ်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုဖွံ့ဖြိုးရေးနဲ့ အနာဂတ်ဝန်ဆောင်မှုလုပ် ငန်းများ၊ လော်ဂျစ်စတစ်နဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍတွေမှာ ပိုမိုရင်းနှီးမြှုပ်နံှ ဖို့ လိုအပ်ကြောင်း ဆရက်ထာက အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

 

Ref: Cut unnecessary spending, avoid duplication, Srettha tells agencies

 

#PeopleMedia


Share this post