• Follow Us on

Home မလေးရှားနိုင်ငံတွင် မြန်မာ ၁ ဦး လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်ကာ သေဆုံး

မလေးရှားနိုင်ငံတွင် မြန်မာ ၁ ဦး လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်ကာ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

မလေးရှားနိုင်ငံ၊ နဂရီဆင်ပီလန်းခရိုင်၊ ဆရင်ဗန်းမြို့တွင်နေထိုင်သော မြန်မာ အမျိုးသား ၁ ဦး လုပ်ငန်းခွင် အတွင်း မတော်တဆမှုကြောင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း မြန်မာလူမှုကူညီရေး အသင်း(မလေးရှား) မှ သိရသည်။

 

သေဆုံးသူသည် ဧရာဝတီတိုင်း မအူပင်ခရိုင် ညောင်တုန်းမြို့နယ် လင်းဝန်းကျေးရွာတွင်နေထိုင်သူ မောင်ထူး အောင် ၃၀ နှစ်ဖြစ်ပြီး၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် လုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေချိန်တွင် မတော် တဆဖြစ်ကာ ဆရင်ဗန်းမြို့ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူကို စက်တင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီတွင် မလေးရှားနိုင်ငံ ဆရင်ဗန်းမြို့ ဟိန္ဒူသုဿန်တွင် ရှိသော မီးသဂြိုလ်စက်၌ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post