• Follow Us on

Home မလွဲတောင်အတတ်တွင် ခရီးသည်ယာဉ်တစ်ဦး အရှိန်လွန်၍ ချောက်ထဲသို့ပြုတ်ကျရာ ကျောင်းသူတစ်ဦး အပါအဝင်(၅) ဦးသေဆုံး၊ (၅) ဦးဒဏ်ရာရ

မလွဲတောင်အတတ်တွင် ခရီးသည်ယာဉ်တစ်ဦး အရှိန်လွန်၍ ချောက်ထဲသို့ပြုတ်ကျရာ ကျောင်းသူတစ်ဦး အပါအဝင်(၅) ဦးသေဆုံး၊ (၅) ဦးဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

ရေး-ထားဝယ်လမ်းမကြီး၊ ၁၄ မိုင်ဘုန်းကြီးကျောင်းအကွေ့တွင် ရေးမြို့မှပြန်လာသည့် ခရီးသည်ကုန်တင် ယာဉ်မှာ အရှိန်လွန်၍ ချောက်ထဲသို့ ပြုတ်ကျရာ Grade-11 တတ်ရောက်နေသည့် ခရီးသည်ကျောင်းသူတစ်ဦး အပါအဝင် (၅) ဦးသေဆုံးပြီး၊ ယာဉ်မောင်းအပါခရီးသည်(၅) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၂ ရက် မွန်းတည့် ၂ နာရီအချိန်တွင် ရေဖြူမြို့နယ်၊ မင်းသားအုပ်စု၊ မော်ကြီးကျေးရွာရှိ ခရီးသည်ကုန်တင်ယာဉ်မှာ အရှိန်လွန်၍ ပေ (၁၀၀) ကျော်ချောက်ထဲသို့ ပြုတ်ကျသွားသောကြောင့် ဖြစ်စဉ်နေရာသို့ အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

 

“Grade-11 ကျောင်းသူတစ်ဦးက အဆောင်ကနေသူ့အိမ်ကိုပြန်လာတာ။ အဲ့မှာယာဉ်မှောက်တော့ သူပါဆုံးသွားတယ်။ သူအပါ မိန်းကလေး ၃ ဦးနဲ့ အမျိုးသား ၂ ဦးသေတယ်။ ယာဉ်မောင်းအမျိုးသားအပါ ကျား ၃ ဦးနဲ့ မ ၂ ဦးဒဏ်ရာရတယ်” လို့ အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး၊ ကျန်ခရီးသည်များမှာ နံရိုးကျိုး၊ ဦးခေါင်းကွဲ၊ ဝမ်းဗိုက်နှင့်လက်များကျိုး၍ ရေးနှင့်မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post