• Follow Us on

Home မလှိုင်နှင့် ကျောက်ပန်းတောင်းတို့တွင် PDF သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ ဦး သေဆုံး

မလှိုင်နှင့် ကျောက်ပန်းတောင်းတို့တွင် PDF သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ ဦး သေဆုံး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် PDF အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် မလှိုင်မြို့နယ်၊ ဆပ်ခင်းကြီးကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ထွန်းမိုး (၅၄) နှစ်နှင့် တစ်ရွာတည်းနေ ဦးထွန်းမြင့်ရွှေ (၅၂)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ဓား၊ သေနတ်များ ဖြင့် ထိုးခုတ်ပစ်ခတ်၍ ဦးတင်ထွန်းမိုး၏နေအိမ်မှ လက်ကိုင်ဖုန်းသုံးလုံးနှင့် ဦးထွန်းမြင့်ရွှေ၏ နေအိမ်မှ MDY 2J/5369 Mitsubishi FUSO Canter Truck အမျိုးအစားမော်တော်ယာဉ် တစ်စီး၊ Click 125 အမျိုးအစား ဆိုင်ကယ်တစ်စီး၊ Click 160 အမျိုးအစားဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်း လေးလုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးတင်ထွန်းမိုးနှင့် ဦးထွန်းမြင့်ရွှေ တို့တွင် ဓားဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီတွင် ကျောက်ပန်းတောင်းမြို့နယ်၊ ကုန်းပေါ်နက်ကျေးရွာနေ ဦးအောင်စိုး(၅၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သတင်းပေး၊ ဒလန်ဟု စွပ်စွဲ၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်စိုးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post