• Follow Us on

Home မလှိုင်မြို့တွင် PDF များမှ ဒရုန်းဖြင့်ပစ်ချတိုက်ခိုက်ရာ ကျောင်းသားတစ်ဦး ဒဏ်ရာရ

မလှိုင်မြို့တွင် PDF များမှ ဒရုန်းဖြင့်ပစ်ချတိုက်ခိုက်ရာ ကျောင်းသားတစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ သုံးတောင်ကျေးရွာသို့ PDF များမှ ဒရုန်းဖြင့် ပစ်ခတ်တိုက် ခိုက်ရာ ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၉ ရက် နံနက် ၆ နာရီကျော်တွင် သုံးတောင်ကျေးရွာရှိ အ-ထ-က ကျောင်းတွင် လုံခြုံရေးဆောင် ရွက်နေစဉ် PDF များမှ ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ ထိုကျောင်းဝန်းအနီးတွင် နေထိုင်သည့် ဦးမြင့်နိုင်၏ နေ အိမ်ခြံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲရာ ထိုအမျိုးသား၏ သားဖြစ်သူမှာ မိုင်းစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုဒဏ်ရာရရှိသည့် အသက်(၁၃) နှစ်အရွယ် Grade-7 (အထက၊ သုံးတောင်) မောင်ဇော်မျိုးမြင့်မှာ လည်ပင်း တွင် (မစိုရိမ်ရ) ဗုံးသီးစထိမှန်၍ မလှုှိင်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post