• Follow Us on
Latest News

Home မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်စု စာရေးနှစ်ဦးကို PDF သတ်ဖြတ်

မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်စု စာရေးနှစ်ဦးကို PDF သတ်ဖြတ်

Share this post

နေပြည်တော်၊ ဇွန် ၄

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် ကျေးရွာအုပ်စု စာရေးနှစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ဇွန်လ (၂)ရက် မွန်းလွဲ (၁)နာရီခန့်က မြင်းဦးလှည့်ကျေးရွာအုပ်စု စာရေးဖြစ်သည့် အသက် (၃၉)နှစ်အရွယ် ဦးကျော်ရဲအောင်နှင့် ဖျောက်ဆိပ်ကျင်းကျေးရွာအုပ်စု စာရေးဖြစ်သူ ဒေါ်ရွှေဇင်ဝင်း (၂၉) နှစ်တို့သည် ညောင်ကုန်းကျေးရွာရှိ ၎င်းတို့၏ နေအိမ်အသီးသီးတွင် ရှိနေကြစဉ် PDF အဖွဲ့ဝင် (၈)ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည်။

 

ယင်းနောက်တွင် PDF အဖွဲ့ဝင်များမှ ဦးကျော်ရဲအောင်နှင့် ဒေါ်ရွှေစင်ဝင်းကို ၎င်းတို့၏ နေအိမ်အသီးသီးတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးကျော်ရဲအောင်နှင့် ဒေါ်ရွှေစင်ဝင်းတို့တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

၎င်းနောက် PDF အဖွဲ့ဝင်များမှ ဒေါ်ရွှေစင်ဝင်း၏ လက်ကိုင်ဖုန်း နှစ်လုံးကို ယူဆောင်ကာ ညောင်ကုန်း ကျေးရွာမှ ထွက်ခွါသွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် မေလ (၂၇)ရက်ကလည်း မလှိုင်မြို့နယ်၊ ထနောင်းကိုင်းကျေးရွာရှိ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနှင့် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ ကိုမြင့်ဝင်းအား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ယင်း အမျိုးသားဆီမှ ငွေကြေးများ၊ လက်ကိုင်ဖုန်းများ၊ ရိုက်ကူးရေး ကင်မရာများနှင့် ကွန်ပျူတာများကို ယူ ဆောင်သွားသည်။

 

#PeopleMedia


Share this post