• Follow Us on
Latest News

Home မလှိုင်မြို့နယ်တွင် ရာအိမ်မှူး ဇနီးမောင်နှံကို PDF က သတ်ဖြတ်ပြီး ငွေကျပ် တစ်သိန်းခွဲနှင့် ဖုန်းနှစ်လုံး ယူဆောင်သွား

မလှိုင်မြို့နယ်တွင် ရာအိမ်မှူး ဇနီးမောင်နှံကို PDF က သတ်ဖြတ်ပြီး ငွေကျပ် တစ်သိန်းခွဲနှင့် ဖုန်းနှစ်လုံး ယူဆောင်သွား

Share this post

နေပြည်တော်၊ ဇွန် ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကျောက်တွင်းကျေးရွာအနီးတွင် သရက္ကန်(တောင်)ကျေးရွာမှ ရာအိမ်မှူး ဇနီးမောင်နှံကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်ကာ ငွေကျပ် တစ်သိန်းခွဲနှင့် ဖုန်းနှစ်လုံး ယူဆောင်သွားကြောင်း သိရသည်။

 

ဇွန်လ (၁၅)ရက် မွန်းလွဲ (၃)နာရီခန့်က သရက္ကန်(တောင်)ကျေးရွာတွင် နေထိုင်သည့် ရာအိမ်မှူး ဦးစိန်မြင့် အောင် (၅၆)နှစ်နှင့် ဇနီးဖြစ်သူဒေါ်တင်ဆန်း (၅၅)နှစ်တို့သည် နေအိမ်မှ မလှိုင်မြို့သို့ ဈေးဝယ်ရန် ဆိုင်ကယ် ဖြင့် ထွက်ခွါလာခဲ့သည်။

 

ယင်းသို့ ထွက်ခွါလာစဉ် ကျောက်တွင်းကျေးရွာအနီးရှိ လမ်းဆုံသို့ အရောက်တွင် အသင့်စောင့်ဆိုင်းနေသည့် PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ငွေကျပ် (၁၅၀,၀၀၀)ပါ ကျောပိုးအိတ်တစ်လုံးနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးစိန်မြင့်အောင်နှင့် ဒေါ်တင်ဆန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

 

#PeopleMedia


Share this post