• Follow Us on
Latest News

Home မလှိုင်မြို့နယ်တွင် PDF အဖွဲ့ဝင်များမှ ဘုန်းကြီးတစ်ပါးအပါအဝင် (၅) ဦးကို တစ်ရက်တည်း သတ်ဖြတ်သွား

မလှိုင်မြို့နယ်တွင် PDF အဖွဲ့ဝင်များမှ ဘုန်းကြီးတစ်ပါးအပါအဝင် (၅) ဦးကို တစ်ရက်တည်း သတ်ဖြတ်သွား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၅

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် PDF အဖွဲ့ဝင်များမှ ဘုန်းကြီးတစ်ပါးအပါအဝင် (၅) ဦးကို တစ်ရက်တည်း သတ်ဖြတ်သွားကြောင်း သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ (၅)ရက် နံနက် (၅)နာရီခန့်က မလှိုင်မြို့နယ်၊ သရက်ကန်(တောင်)ကျေးရွာ ဘုန်းကြီး ကျောင်းဝင်းအတွင်းသို့ PDF အဖွဲ့ဝင်များ ရောက်ရှိလာပြီး ကျောင်းထိုင်ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းစောင့် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

 

ဘုန်းကြီးကျောင်းစောင့်၏ အလောင်းကို ကျောင်းဝင်းအတွင်းရှိ သိမ်တံခါးဝတွင် တွေ့ရှိရပြီး ဘုန်းကြီး၏ ရုပ်အလောင်းအား ရေချိုးခန်းထဲတွင် တွေ့ရှိရကြောင်း သရက်ကန်ကျေးရွာတွင် နေထိုင်သည့် ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

“PDF တွေက ရွာထဲကို နှစ်ဖွဲ့ခွဲပြီး ဝင်လာတာဖြစ်မယ်။ ဘုန်းကြီးကျောင်းစောင့်ကို အရင်ပစ်ထားတာ တွေ့ရတယ်။ ဘုန်းကြီးက ကျောင်းထဲကျိန်းတာ။ ကျောင်းစောင့်က ဘုန်းကြီးကျောင်းအဝင် တံခါးနားက သိမ်ထဲမှာ အိပ်တာဖြစ်တယ်။ ဘုန်းကြီးက ပြေးပုံပေါက်တယ်။ ရေချိုးခန်းထဲမှာ ပစ်သတ်သွားတာ။ ဘုန်းကြီး ရုပ်အလောင်းကို တော်တော်လေး ရှာလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ယင်းအပြင် သရက်ကန်(တောင်)ကျေးရွာ ရွာခွဲတာဝန်ခံဥက္ကဋ္ဌ ဦးစိန်မြင့်အောင်၏ နေအိမ်သို့ PDF အဖွဲ့ဝင် (၈) ယောက်ခန့် ဝင်ရောက်ပစ်ခတ်ခဲ့သော်လည်း ဦးစိန်မြင့်အောင် အပါအဝင် ၎င်း၏မိသားစုဝင်များမှာ ထွက် ပြေးလွတ်မြောက်သွားကြောင်းနှင့် PDF အဖွဲ့ဝင်များသည် ဦးစိန်မြင့်အောင်၏ နေအိမ်မှ ဆိုင်ကယ်နှစ်စီးနှင့် ပိုက်ဆံ သိန်း(၂၀)ကို ယူဆောင်သွားကြောင်း သိရသည်။

 

အလားတူ မလှိုင်မြို့နယ် မြင်းဦးလှည့်ရွာတွင်လည်း ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက်အစောပိုင်းက PDF အဖွဲ့ဝင် အင်အား (၅၀)ခန့်က မြင်းဦးလှည့်ရွာတွင် နေထိုင်သည့် အမျိုးသား (၂)ယောက်နှင့် အမျိုးသမီး (၁)ယောက်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

 

#PeopleMedia


Share this post