• Follow Us on

Home မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနေ ပြည်သူ ၁၈ ဦး သတ်ဖြတ်ခံထားရသလို ပျောက်ဆုံးသူ များပြားနေ

မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနေ ပြည်သူ ၁၈ ဦး သတ်ဖြတ်ခံထားရသလို ပျောက်ဆုံးသူ များပြားနေ

Share this post

မြင်းခြံ၊ နိုဝင်ဘာ ၁၂

 

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနေ ပြည်သူ ၁၈ ဦး သတ်ဖြတ်ခံထားရသလို ပျောက်ဆုံးသူ  များပြားနေကြောင်း မြို့နေ ရပ်မိရပ်ဖများကပြောဆိုသည်။

 

အလားတူ နိုဝင်ဘာ ၁ ရက်နေ့က သက္ကယ်ကျင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း နေအိမ်ကို စစ်သွေးကြွများက ကားကြီး၊ ကားငယ် ၇ စီး ခန့်မှန်း အင်အား ၁၅၀ ခန့်ဖြင့် ရောက်ရှိလာပြီး အဆိုပါ နေအိမ်ရှိ အတွင်း ပစ္စည်းများကို ယူဆောင်သွားသလို နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်။

 

“ဦးသန်းထွန်းက ရွာမှာ မရှိဘူး။ သူက ၂၀၂၄ ခုနှစ် ၇ လပိုင်း ၂၉ ရက်နေ့မှာ တစ်အိမ်တည်းအတူနေ အစ်ကိုအရင်း၊ ညီမအရင်းနှင့် သမီးအရင်းဖြစ်သူတို့နှင့်အတူ ရာအိမ်မှူး (၂) ဦး စုစုပေါင်း (၅) ဦး တစ်နေ့တည်း တချိန်တည်း အသတ်ခံရသောနေ့မှစပြီး တိမ်းရှောင်နေသူ ဖြစ်တယ်။ ”လို့ မြို့မိမြို့ဖတစ်ဦးက ပြောဆိုသည်။

 

တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ရယူပြီးနောက် စစ်သွေးကြွများသည် သက္ကယ်ကျင်းကျေးရွာနေ ပြည်သူ ၁၈ ဦး သတ်ဖြတ်ထားသလို ကျေးရွာနေ ပြည်သူများလည်း ပျောက်ဆုံးမှု ရှိနေသည်။

 

အဆိုပါ ကျေးရွာသည် ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ကို အမာခံ ထောက်ခံသော ကျေးရွာကြီးတစ်ရွာ ဖြစ်သည်။

 

Photo – ဖျက်ဆီးခံလိုက်ရသော အုပ်ချုပ်ရေးမှူး နေအိမ်

 

#PeopleMedia


Share this post