• Follow Us on
Latest News

Home မလှိုင်မြို့မှ ဈေးဝယ်ပြီး ပြန်လာသည့် ယာဉ်ကို PDF အဖွဲ့ဝင်များမှ တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်အကူကို သတ်ဖြတ်ပြီးနောက် ယာဉ်ကို မိုင်းခွဲဖျက်ဆီး

မလှိုင်မြို့မှ ဈေးဝယ်ပြီး ပြန်လာသည့် ယာဉ်ကို PDF အဖွဲ့ဝင်များမှ တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်အကူကို သတ်ဖြတ်ပြီးနောက် ယာဉ်ကို မိုင်းခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ မေ ၁၅

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းအုပ်စု၊ သရက္ကန်မြောက်ရွာမှ ယာဉ်တစ်စီးသည် မလှိုင်မြို့ မှ ဈေးဝယ်ပြီး ပြန်လာစဉ် လမ်းခရီး၌ PDF အဖွဲ့ဝင်များမှ ယာဉ်ကို တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်အကူကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သလို ယာဉ်ကိုလည်း မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။

 

ဖြစ်စဉ်မှာ မေလ (၁၄)ရက်နေ့က မလှိုင်မြို့နယ်၊ သရက္ကန်မြောက်ရွာမှ ကိုချစ်ပီးနှင့် ယာဉ်အကူတစ်ဦးတိုသည့် မလှိုင်မြို့သို့ ဈေးဝယ်သွားရောက်ခဲ့ပြီး ပြန်လာစဉ် အိုင်မရိုးရွာအနီးသို့အရောက် PDF အဖွဲ့ဝင် (၅) ဦးက အဆိုပါ ယာဉ်အား တားဆီးခဲ့ပါတယ်။

 

ထိုနောက် PDF အဖွဲ့ဝင်များသည် ယာဉ်မောင်းနှင့် ယာဉ်အကူအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ယာဉ်အား မိုင်းခွဲပစ်ခဲ့ပါတယ်။

 

လက်ရှိအချိန်တွင် အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ အလောင်းများကို မလှိုင်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးနေကြောင်း သိရပါတယ်။

 

#PeopleMedia


Share this post