မသန္မစြမ္းစစ္မႈထမ္း ပင္စင္မွ ၀င္ေငြခြန္ေကာက္ခံမႈ အိႏၵိယစစ္ဦးစီးခ်ဳပ္ေဟာင္း ကန္႔ကြက္

PUBLISHED - December 2, 2019
အိႏၵိယမွာ မသန္မစြမ္းစစ္မႈထမ္းေဟာင္းေတြရဲ႕ ပင္စင္ကို ၀င္ေငြခြန္ေကာက္ခံမယ့္ အစိုးရရဲ႕ အစီအစဥ္ကို စစ္ဦးစီးခ်ဳပ္ေဟာင္းက ကန္႔ကြက္စကားေျပာၾကားခ့ဲပါတယ္။
စစ္ဦးစီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ ဗီပီမာလစ္ခ္ကို အခမ္းအနားတစ္ခုမွာ အခုကိစၥနဲ႔ပတ္သက္ၿပီး သတင္းမီဒီယာ ေတြက ၄င္းရဲ႕သေဘာထားအျမင္ကို ေမးျမန္းခဲ့ရာမွာ မာလစ္ခ္ အရမ္းေကာင္းတဲ့ ေမးခြန္းတစ္ခုျဖစ္တယ္လို႔ တံု႔ျပန္ခဲ့ပါတယ္။
၄င္းအေနနဲ႔ တာ၀န္က အနားယူခဲ့ၿပီးျဖစ္ေပမယ့္ စစ္ပြဲအတြင္း ကို္ယ္လက္အဂၤါဆံုးရႈံးရသူေတြဟာ ၾကည့္ရႈေစာင့္ ေရွာက္မႈလိုအပ္တာေၾကာင့္ မသန္မစြမ္းစစ္သည္ေတြရဲ႕ ပင္စင္က ၀င္ေငြခြန္ေကာက္တာကို မေထာက္ခံဘူးလို႔ ေျဖၾကားခဲ့ပါတယ္။
မာလစ္ခ္ဟာ ၁၉၉၉ ခုႏွစ္က အိႏၵိယနဲ႔ ပါကစၥတန္စစ္ပြဲကာလအတြင္း စစ္ဦးစီးခ်ဳပ္တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ ပါတယ္။
အဆိုပါစစ္ပြဲအတြင္း အိႏၵိယစစ္သား ၅၀၀ ေက်ာ္က်ဆံုးခဲ့ၿပီး စစ္သည္မ်ားစြာ ထိခိုက္ဒဏ္ရာရရွိခဲ့ၾကပါတယ္။
အိႏၵိယဘ႑ာေရး၀န္ႀကီးဌာနက ၀င္ေငြခြန္ေကာက္ခံရာမွာ စစ္မႈထမ္းသက္တမ္းသက္တမ္းမကုန္ဆံုးေသးတဲ့ မသန္မစြမ္းစစ္သည္ေတြကို ကင္းလြတ္ခြင့္ျပဳေပမယ့္ စစ္မႈထမ္းသက္တမ္းကုန္ဆံုးလို႔ တာ၀န္ကအနားယူတဲ့ မသန္မစြမ္းစစ္သည္ေတြကိုေတာ့ ၀င္ေငြခြန္ေကာက္ခံသြားမယ္လို႔ ၿပီးခဲ့တဲ့ဇြန္လက ေျပာၾကားထားပါတယ္။
Ref; https://economictimes.indiatimes.com/
#PeopleMedia #International
(Unicode)
မသန်မစွမ်းစစ်မှုထမ်း ပင်စင်မှ ဝင်ငွေခွန်ကောက်ခံမှု အိန္ဒိယစစ်ဦးစီးချုပ်ဟောင်း ကန့်ကွက်
……………………………………………………………
အိန္ဒိယမှာ မသန်မစွမ်းစစ်မှုထမ်းဟောင်းတွေရဲ့ ပင်စင်ကို ဝင်ငွေခွန်ကောက်ခံမယ့် အစိုးရရဲ့ အစီအစဉ်ကို စစ်ဦးစီးချုပ်ဟောင်းက ကန့်ကွက်စကားပြောကြားခဲ့ပါတယ်။
စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် ဗီပီမာလစ်ခ်ကို အခမ်းအနားတစ်ခုမှာ အခုကိစ္စနဲ့ပတ်သက်ပြီး သတင်းမီဒီယာ တွေက ၄င်းရဲ့သဘောထားအမြင်ကို မေးမြန်းခဲ့ရာမှာ မာလစ်ခ် အရမ်းကောင်းတဲ့ မေးခွန်းတစ်ခုဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
၄င်းအနေနဲ့ တာဝန်က အနားယူခဲ့ပြီးဖြစ်ပေမယ့် စစ်ပွဲအတွင်း ကို်ယ်လက်အင်္ဂါဆုံးရှုံးရသူတွေဟာ ကြည့်ရှုစောင့် ရှောက်မှုလိုအပ်တာကြောင့် မသန်မစွမ်းစစ်သည်တွေရဲ့ ပင်စင်က ဝင်ငွေခွန်ကောက်တာကို မထောက်ခံဘူးလို့ ဖြေကြားခဲ့ပါတယ်။
မာလစ်ခ်ဟာ ၁၉၉၉ ခုနှစ်က အိန္ဒိယနဲ့ ပါကစ္စတန်စစ်ပွဲကာလအတွင်း စစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ် ပါတယ်။
အဆိုပါစစ်ပွဲအတွင်း အိန္ဒိယစစ်သား ၅၀၀ ကျော်ကျဆုံးခဲ့ပြီး စစ်သည်များစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ဝင်ငွေခွန်ကောက်ခံရာမှာ စစ်မှုထမ်းသက်တမ်းသက်တမ်းမကုန်ဆုံးသေးတဲ့ မသန်မစွမ်းစစ်သည်တွေကို ကင်းလွတ်ခွင့်ပြုပေမယ့် စစ်မှုထမ်းသက်တမ်းကုန်ဆုံးလို့ တာဝန်ကအနားယူတဲ့ မသန်မစွမ်းစစ်သည်တွေကိုတော့ ဝင်ငွေခွန်ကောက်ခံသွားမယ်လို့ ပြီးခဲ့တဲ့ဇွန်လက ပြောကြားထားပါတယ်။
Ref; https://economictimes.indiatimes.com/
#PeopleMedia #International