• Follow Us on

Home မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်ဆရာတော်ကြီး ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့ပြီး မန္တလေးသို့ ပြန်လည်ကြွရောက်

မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်ဆရာတော်ကြီး ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့ပြီး မန္တလေးသို့ ပြန်လည်ကြွရောက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈

 

နိုင်ငံတော်ဩဝါဒါစရိယ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်၊ အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသသည် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရလိုက်ပါ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်းမာရေးအရ ဆေးကုသမှုခံယူခဲ့ပြီး စက်တင်ဘာ ၆ ရက်နေ့တွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့သို့ ပြန်လည်ကြွရောက်လာခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ဆရာတော်ကြီးအတွက်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို အနီးကပ်ကြီးကြပ်၍ အပြည့် အဝဆောင်ရွက်ပေးနိုင်ရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ အထူးသီးသန့်ခန်းသို့ပင့်ဆောင်ပြီး တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင်၊ ဆေးရုံ အုပ်ကြီး ဒေါက်တာ သက်အောင်နှင့် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက် ပေးကြသည်။

 

#PeopleMedia


Share this post