• Follow Us on

Home မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကို ခိုးယူပြီး ဘက်ပြောင်းခိုလှုံဖို့ ရုရှားလေသူရဲကို စည်းရုံးခဲ့တဲ့ ယူကရိန်းရဲ့ကြိုးပမ်းမှုကို ကာကွယ်ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားပြော

မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကို ခိုးယူပြီး ဘက်ပြောင်းခိုလှုံဖို့ ရုရှားလေသူရဲကို စည်းရုံးခဲ့တဲ့ ယူကရိန်းရဲ့ကြိုးပမ်းမှုကို ကာကွယ်ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၉

 

ရုရှားရဲ့ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကို ယူကရိန်းနိုင်ငံထဲကို မောင်းနှင်လာပြီး ဘက်ပြောင်းခိုလှုံဖို့ ရုရှား လေသူရဲတစ်ဦးကို ယူကရိန်းတွေ ချဉ်းကပ်စည်းရုံးနေတဲ့ကြိုးပမ်းမှုကို ပျက်ပြားသွားအောင် ဆောင်ရွက်နိုင်ခဲ့ ကြောင်း ရုရှားအစိုးရက တနင်္လာနေ့ (ဇူလိုင်လ ၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

TU-22M3 ဗုံးကြဲလေယာဉ်တစ်စင်းကို မောင်းနှင်လာပြီး ဘက်ပြောင်းခိုလှုံရေး စည်းရုံးဖို့ ကြိုးပမ်းတဲ့ အဲဒီအစီအ စဉ်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ထောက်လှမ်းရေးတွေ ပါဝင်ကြောင်း ရုရှားထောက်လှမ်းရေးအဖွဲ့ (FSB) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

တူပိုလက်ဗ် ခေါ် TU-22M3 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တစ်စင်းကို ယူကရိန်းပိုင်နက်ထဲအထိ မောင်း လာနိုင်ခဲ့ရင် ဆုကြေးငွေပေးမှာဖြစ်သလို အီတလီနိုင်ငံသားအဖြစ် သတ်မှတ်ပေးသွားမှာဖြစ်ကြောင်း ယူကရိန်း တွေက အဲဒီလေသူရဲကို စည်းရုံးခဲ့တယ်လို့ FSB အဖွဲ့က ပြောပါတယ်။

 

ယူကရိန်းတွေက လေယာဉ်အတုတွေနဲ့ ပစ်မှတ်တုတွေဖန်တီးပြီး ရုရှားတွေ မှားယွင်းတိုက်ခိုက်လာအောင် ပုံ ဖျက်ထားတဲ့သတင်းတွေကိုလည်း တန်ပြန်ထောက်လှမ်းရေးစစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း ရုရှား ထောက်လှမ်းရေးအဖွဲ့က ရရှိခဲ့ကြောင်း FSB အဖွဲ့က ပြောပါတယ်။

 

ယူကရိန်းအစိုးရက အနောက်နိုင်ငံတွေကထောက်ပံ့မယ့် F-16 ဂျက်တိုက်လေယာဉ်တွေကို စောင့်ဆိုင်းနေစဉ် မကြာသေးခင်ရက်များအတွင်းက ယူကရိန်းလေတပ်စခန်းတချို့ကလည်း ရုရှားတပ်တွေက တိုက်ခိုက်ခဲ့ပါ တယ်။ ပြီးခဲ့တဲ့နှစ်က Mi-8 ရဟတ်ယာဉ်တစ်စင်းကိုယူဆောင်ပြီး ယူကရိန်းဘက်ကို ဘက်ပြောင်းခိုလှုံဖို့ ရုရှား လေသူရဲ တစ်ဦးဖြစ်တဲ့ မဂ္ဂဇင်ကူဇ်မီနော့ဗ်ကို ယူကရိန်းအစိုးရက ချဉ်းကပ်စည်းရုံးနိုင်ခဲ့ပါတယ်။

 

သစ္စာဖောက် မဂ္ဂဇင်ကူဇ်မီနော့ဗ်ကို ဖေဖော်ဝါရီလအတွင်းက စပိန်နိုင်ငံမှာ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

 

ရုရှားအစိုးရဟာ ရန်သူတွေကို ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ လုပ်ကြံသတ်ဖြတ်လေ့ရှိတယ်လို့ စွပ်စွဲခံရ ပေမဲ့ ရုရှားအစိုးရကတော့ အဲဒီစွပ်စွဲချက်တွေကို အမြဲတမ်းငြင်းဆိုခဲ့ပါတယ်။

 

ရုရှားအစိုးရကလည်း ယူကရိန်းဘက်က ဘက်ပြောင်းခိုလှုံမယ့်သူတွေကို စည်းရုံးဖို့ ကြိုးစားနေတယ်လို့ ယူကရိန်းအစိုးရက စွပ်စွဲပါတယ်။

 

ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကို လုပ်ကြံမယ့် ရုရှားထောက်လှမ်းရေး (FSB) အဖွဲ့ကို ဖြိုခွင်းနိုင်ခဲ့ပြီး အဲဒီကြံစည်မှုမှာပါဝင်ခဲ့တဲ့ ယူကရိန်းအရာရှိနှစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေး (SBU) အဖွဲ့က မေလအတွင်းက ပြောပါတယ်။

 

Ref: Russia Says Ukraine Tried to Make Strategic Bomber Defect

 

#PeopleMedia


Share this post