မဟာမိတ်နိုင်ငံများ၏ လေပိုင်နက်များကို စောင့်ကြပ်ကြည့်ရှုရာတွင် ၂၀၂၁ ခုနှစ်အတွင်း နေတိုးလေယာဉ်များ အကြိမ် ၃၇၀ ပျံသန်းခဲ့

PUBLISHED - December 28, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈ (People Media)
နေတိုးအဖွဲ့မှ တိုက်လေယာဉ်များသည် ၂၀၂၁ ခုနှစ်တွင် ဥရောပတစ်ဝန်း မဟာမိတ်နိုင်ငံများ၏လေပိုင်နက် အ တွင်း အကြမ် ၃၇၀ ခန့် ပျံသန်းခဲ့ကြကြောင်း၊ စစ်ရေးအရပျံသန်းခဲ့ကြသည့် ၈၀ ရာခိုင်နှုန်းမှာ အကြိမ်ရေ ၂၉၀ ရှိရာ ရုရှားစစ်လေယာဉ်များကို တုံ့ပြန်သည့်အနေဖြင့် ပျံသန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“နေတိုး ဂျက်တိုက်လေယာဉ်တွေဟာ နှစ်ဆယ့်လေးနာရီလုံးတာဝန်ထမ်းဆောင်နေကြတာပါ။ ကျွန်မတို့ မဟာ မိတ်နိုင်ငံတွေရဲ့လေပိုက်နက်အနီးမှာ အတည်မပြုရသေးတဲ့လေယာဉ်တွေ တွေ့ပြီဆိုတာနဲ့ အဲဒီလေယာဉ်တွေ ဆီကို ပျံသန်းဖို့ အမြဲအဆင်သင့်ဖြစ်နေပါတယ်။ နေတိုးအဖွဲ့ဟာ သတိဝီရိယအပြည့်နဲ့ အမြဲနိုးနိုးကြားကြား ရှိနေ ပါတယ်။ ကျွန်တော်တို့မဟာမိတ်နိုင်ငံတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်ရမယ့်အလုပ်တွေကို ကျွန်တော် တို့ အမြဲဆောင်ရွက်သွားမှာပါ။” ဟု နေတိုးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Oana Lungescu ကပြောသည်။
၂၀၂၁ ခုနှစ်အတွင်း လေယာဉ်များကြားဖြတ်ဝင်ရောက်ဟန့်တားခဲ့ရသည့်ဖြစ်စဉ်အများစုမှာ ဘော်လတစ်ဒေသ တွင်ဖြစ်ပွားခဲ့သောဖြစ်စဉ်များဖြစ်သည်။ ဘော်လတစ်ဒေသဖြစ်သော အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူ ယေးနီးယား လေပိုင်နက်များတွင် နေတိုးလေယာဉ်များ ကင်းလှည့်လျက်ရှိသည်။ နေတိုးအဖွဲ့လေယာဉ်များ သည် အယ်လေးနီးယား၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယားနှင့် ဆလိုဗေးနီးယား လေကြောင်းပိုင်နက်များ တွင်လည်း ကင်းလှည့်ပျံသန်းကြသည်။
မဟာမိတ်တပ်ဖွဲ့များမှ လေယာဉ်များသည် ရိုမေးနီးယား၊ ဘူဂေးရီးယားနှင့် အိုင်စလန်နိုင်ငံ လေကြောင်းပိုင်နက် များတွင်လည်း ကူညီ၍ ကင်းလှည့်ပေးလျက်ရှိသည်။
ယေဘုယျအားဖြင့် ကြားဖြတ်ဝင်ရောက်ဟန့်တားမှုမှာ နေတိုးမဟာမိတ်အုပ်စုမှ လေယာဉ်များ ပျံတက်လာပြီး တွေ့ရှိထားသာလေယာဉ်အမျိုးအစား/ နိုင်ငံတို့ကိုဖော်ထုတ်ပြီးနောက် မည်သည့်ပစ်ခတ်တိုက်ခိုက်မှုမှမလုပ်ဘဲ သက်ဆိုင်ရာလေကြောင်းပိုင်နက်ပြင်ပရောက်သည်အထိ အနီးကပ်စောင့်ကြပ်ကြည့်ရှုခြင်းဖြစ်သည်။
ဥရောပတစ်ဝန်းတွင် နေတိုးမဟာမိတ်တပ်ဖွဲ့လေယာဉ်အစင်း ၆၀ ကျော်မှာ တစ်ချိန်လုံး အမြင့်ဆုံးတပ်လှန့်ထား သည်။ ယင်းသို့တပ်လှန့်ထားခြင်းမှာ နည်းပညာအမှားအယွင်းမှသည် လေယာဉ်ပြန်ပေးဆွဲမှုအထိ အကြောင်း အမျိုးမျိုးကြောင့် လေကြောင်းထိန်းချုပ်ရေးစင်တာနှင့် အဆက်အသွယ်ပြတ်နေသည့် အရပ်ဘက်လေယာဉ်များ နှင့် ကြေညာထားခြင်းမရှိသော စစ်လေယာဉ်များကို တုံ့ပြန်နိုင်ရန်အတွက် တပ်လှန့်ထားခြင်းဖြစ်သည်။
နေတိုးအဖွဲ့တွင် လေကြောင်းစစ်ဆင်ရေးဌာနချုပ်နှစ်ခုထားရှိရာ ဌာနချုပ်တစ်ခုမှာ ဂျာမနီတွင်ရှိပြီး ဥရောပ မြောက်ပိုင်းကို တာဝန်ယူထားသည့်ဌာနချုပ်ဖြစ်သည်။ နောက်ထပ်ဌာနချုပ်တစ်ခုမှာ စပိန်နိုင်ငံတွင်ဖြစ်ပြီး ဥရောပတောင်ပိုင်းကို တာဝန်ယူထားသည့်ဌာနချုပ်ဖြစ်သည်။ လေကြောင်းစစ်ဆင်ရေးဌာနချုပ်နှစ်ခုပေါင်းပြီး ဥရောပတစ်ဝန်းစောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။
Ref: NATO jets scrambled hundreds of times in 2021 to guard Allied airspace
#PeopleMedia
(unicode)
………………………………………………………………
Ref: NATO jets scrambled hundreds of times in 2021 to guard Allied airspace
#PeopleMedia