• Follow Us on

Home မဟာမိတ်အဖွဲ့ရဲ့ စစ်လေယာဉ်မောင်းသင်တန်းတွေ တိုးချဲ့ဖို့ နေတိုးအဖွဲ့ဝင် ၁၂ နိုင်ငံ သဘောတူညီ

မဟာမိတ်အဖွဲ့ရဲ့ စစ်လေယာဉ်မောင်းသင်တန်းတွေ တိုးချဲ့ဖို့ နေတိုးအဖွဲ့ဝင် ၁၂ နိုင်ငံ သဘောတူညီ

Share this post

နိုင်ငံတကာ၊ ဧပြီ ၃

 

နေတိုးအဖွဲ့ ပျံသန်းမှုလေ့ကျင့်ရေး ဥရောပအစီအစဉ် (NFTE) ကတစ်ဆင့် မဟာမိတ်အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ လေယာဉ်သင်တန်းတွေကို တိုးချဲ့သွားဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံ သဘောတူညီလိုက်ပါတယ်။

 

နေတိုးအဖွဲ့ဝင် ၁၂ နိုင်ငံက လေသူရဲ ၅၀ ကို ပထမဦးဆုံးအကြိမ်အဖြစ် အခုနှစ်အတွင်း သင်တန်းကျောင်းနေရာ လေးနေရာမှာ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ပါဝင်တဲ့နိုင်ငံတွေကတော့ ဘယ်လ်ဂျီယန်၊ ချက်သမ္မတနိုင်ငံ၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယား၊ ရိုမေးနီးယား၊ စပိန်၊ တူရကီနဲ့ ဗြိတိန်နိုင်ငံတို့ပဲဖြစ်ပါတယ်။

 

ဒါ့အပြင် အစီအစဉ်ကို ထပ်မံတိုးချဲ့ဖို့အတွက် NFTE က သင်တန်းနေရာ ၉ ခုနဲ့ ထုတ်လုပ်ရေးအကြံပေးဘုတ်အ ဖွဲ့တစ်ဖွဲ့ကို ထပ်မံတိုးချဲ့ တည်ထောင်သွားမှာဖြစ်ပါတယ်။

 

အခုအစီအစဉ်ရဲ့ နောက်ဆုံးတိုးချဲ့မှုအဖြစ် လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၇ နိုင်ငံမှာ လေ့ကျင့်သင်ကြားနေပြီလို့ ဆိုပါတယ်။

 

နေတိုးအဖွဲ့အနေနဲ့ လေ့ကျင့်သင်ကြားမှုတွေကို စနစ်တကျဆောင်ရွက်ရင်း ညီညွတ်မှုကို မြှင့်တင်နေသလို ဆက်ဆံရေးယုံကြည်မှုကိုလည်း အားပေးမြှင့်တင်လျက်ရှိကြောင်း နေတိုးအဖွဲ့ဒုတိယအတွင်းရေးမှူးချုပ်မီဆာ ဂျီယိုနာက ပြောပါတယ်။

 

၂၀၂၄ ခုနျစ် ပထမနှစ်ဝက်မှာ နေတိုးအဖွဲ့ ပျံသန်းမှုလေ့ကျင့်ရေး ဥရောပအစီအစဉ် (NFTE) ကို နောက်ထပ် အဖွဲ့ဝင်နိုင်ငံတွေ လာရောက်ပူးပေါင်းကြမယ်လို့ မျှော်လင့်ထားကြောင်း နေတိုးအဖွဲ့က ပြောပါတယ်။

 

နိုင်ငံတကာဝန်းကျင်မှာ ပြောင်းလဲကျင့်သုံးနိုင်ရေး လေသူရဲတွေကို လေ့ကျင့်သင်ကြားပေးဖို့အတွက် ၂၀၂၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ နေတိုးအဖွဲ့ ပျံသန်းမှုလေ့ကျင့်ရေး ဥရောပအစီအစဉ် (NFTE) ဟာ လေသူ ရဲအမျိုးမျိုးရဲ့ သင်ကြားမှုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သင်တန်းနေရာတွေနဲ့ ချိတ်ဆက်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

NFTE ရဲ့ ပထမဦးဆုံးသင်တန်းနယ်မြေတွေကို ချက်သမ္မတနိုင်ငံ ပါဒူဘိုက်စ်နဲ့ အီတလီနိုင်ငံ ဒီစီမိုမန်နူတို့မှာ ၂၀၂၁ ခုနှစ်က ထူထောင်ခဲ့ပါတယ်။

 

NFTE ဟာ ဂျက်တိုက်လေယာဉ် လေသူရဲများ၊ ရဟတ်ယာဉ်မှူးများ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်မှူးများနဲ့ မောင်းသူမဲ့လေယာဉ်ထိန်းချုပ်ရေးမှူးများကို လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်။

 

Ref: NATO Allies Push for Stronger Military Aviation Training

 

#PeopleMedia


Share this post