• Follow Us on
Latest News

Home မဟာမြိုင်လမ်းတွင် ပိတ်မိနေသည့် ကားသမားများနှင့် PDF အဖွဲ့ဝင်များ ပြဿနာဖြစ်ပြီး PDF များက ပစ်ခတ်ရာ ကားသမား နှစ်ဦး ဒဏ်ရာရရှိပြီး ကားအချို့ပျက်စီး၊ PDF တွေက ကားသမား (၈)ဦးကို ဖမ်းဆီးပြီး နှိပ်စက်နေ

မဟာမြိုင်လမ်းတွင် ပိတ်မိနေသည့် ကားသမားများနှင့် PDF အဖွဲ့ဝင်များ ပြဿနာဖြစ်ပြီး PDF များက ပစ်ခတ်ရာ ကားသမား နှစ်ဦး ဒဏ်ရာရရှိပြီး ကားအချို့ပျက်စီး၊ PDF တွေက ကားသမား (၈)ဦးကို ဖမ်းဆီးပြီး နှိပ်စက်နေ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝ – မုံရွာကြား မဟာမြိုင်လမ်းတွင် တစ်လကျော်ကြာ ပိတ်မိနေသည့် ကားသမားများနှင့် PDF အဖွဲ့ဝင်များ ပြဿနာဖြစ်ကာ PDF များက ပစ်ခတ်သဖြင့် ကားသမား နှစ်ဦး ဒဏ်ရာရရှိကာ ကားအချို့ ပျက်စီးသွားကြောင်း သိရသည်။

 

မဟာမြိုင်လမ်းတွင် ကုန်တင်ကား အစီး (၂၀၀)ခန့် ပိတ်မိနေသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်သဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် PDF အဖွဲ့များထံ လမ်းဖွင့်ပေးရန် အကူအညီတောင်းခဲ့ကြောင်း သိရသည်။

 

ယင်းနောက် PDF အဖွဲ့ဝင်များက ဇူလိုင်လ (၈)ရက်တွင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သဖြင့် ကားသမားများ သည် အဆိုပါနေ့တွင် ထွက်ခွါရန်ကြိုးစားစဉ် PDF အဖွဲ့ဝင်များက တားမြစ်ကာ သေနတ်ဖြင့် ကားများကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်မှုကြောင့် ကားဘီးနှင့် အင်ဂျင်ဝိုင်တိုင်ကီ ပေါက်သွားခြင်းကြောင့် ကားသမားများနှင့် PDF အဖွဲ့ဝင်များ ပြဿနာဖြစ်ခဲ့ကြောင်းနှင့် ခိုက်ရန်ဖြစ်ပွါးရာတွင် PDF အဖွဲ့ဝင်များကြောင့် ကားသမားနှစ်ဦး ခေါင်းပေါက်သွားကြောင်း သိရသည်။

 

ယင်းအပြင် အဆိုပါ PDF အဖွဲ့၏ ခေါင်းဆောင် လာရောက်ခဲ့သော်လည်း မျှမျှတတ မဖြေရှင်းဘဲ ကားသမား (၈)ဦးကို ဖမ်းဆီးကာ နှိပ်စက်နေပြီး ဇူလိုင်လ (၁၂)ရက်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိကြောင်း သိရသည်။

 

မဟာမြိုင်ကားလမ်းသည် ဇွန်လကတည်းက စတင်ပိတ်ထားပြီး မဟာမြိုင်လမ်း ပိတ်ထားခြင်းကြောင့် ကလေး မြို့နှင့် တမူးမြို့များတွင် ကုန်စည်စီးဆင်းမှု နှောင့်နှေးနေပြီး ကုန်ဈေးနှုန်းများလည်း အဆမတန် ထိုးတက်နေ ကြောင်း သိရသည်။

 

#PeopleMedia


Share this post