• Follow Us on
Latest News

Home မဟာဝိဇယစေတီတော်မြတ်ကြီးရှိ အရံစေတီ (၂၄) ဆူအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူမည်

မဟာဝိဇယစေတီတော်မြတ်ကြီးရှိ အရံစေတီ (၂၄) ဆူအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူမည်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

 

ရန်ကုန်မြို့၊ မဟာဝိဇယစေတီတော်မြတ်ကြီးရှိ အရံစေတီ ၂၄ ဆူအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ သွားမည်ဖြစ်ကြောင်း မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့က သိရသည်။

 

ထို့အပြင် ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီ၏ ပံ့ပိုးကူညီမှုဖြင့် မဟာဝိဇယစေတီတော်ရှိ လိပ် ကန်ထဲမှ ရေများအားလဲလှယ်ခြင်း၊ ဘုရားပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ကာ သာယာလှပစေရန် သစ်ပင် ပန်းမန်များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်သွားမည့်အပြင် မဟာဝိဇယစေတီတော်ကြီး၏ လိုဏ်ဂူတော်အတွင်း ရှိ မျက်နှာကြက်အချို့နေရာများတွင် ရေယိုစိမ့်နေမှုများကိုလည်း ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် ပြုပြင်မွမ်းမံသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မဟာဝိဇယ စေတီတော်မြတ်ကြီးရှိ ပင်မစေတီတော်ကြီးအား လုံး တော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို စုစုပေါင်း ငွေကျပ်သိန်း ၈၀ဝဝ ကျော် အကုန်အကျခံ ကပ်လှူ ခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 

#PeopleMedia


Share this post