• Follow Us on

Home မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္ရွိ သံဃာေတာ္ ၇၆ ပါး COVID -19 ေရာဂါေပ်ာက္ကင္း၍ ေဆးရံုမွ ဆင္းခြင့္ရရွိ

မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္ရွိ သံဃာေတာ္ ၇၆ ပါး COVID -19 ေရာဂါေပ်ာက္ကင္း၍ ေဆးရံုမွ ဆင္းခြင့္ရရွိ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၄

ရန္ကုန္ၿမိဳ႕၊ ပန္းဘဲတန္းၿမဳိ႕နယ္ရွိ မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္ရွိ သံဃာေတာ္ ၇၆ ပါး ေရာဂါေပ်ာက္ကင္း ၍ ေဆးရံုမွဆင္းခြင့္ရရွိေၾကာင္း ပန္းဘဲတန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ခိုင္ကေျပာသည္။

ပန္းဘဲတန္းၿမိဳ႕နယ္အတြင္းရွိ မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္တြင္ ေအာက္တိုဘာ ၅ ရက္ နံနက္ပိုင္း Covid ပိုးေတြ႕ရွိသူ သံဃာေတာ္ႏွင့္ ကပၸိယ စုစုေပါင္း ၉၀ ဦးရွိခဲ့ၿပီး ယခုအခါ သံဃာ ၇၆ ပါး ေရာဂါမွ ျပန္လည္သ က္သာလာေၾကာင္း ပန္းဘဲတန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ခိုင္ကေျပာသည္။

မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္တြင္ သံဃာေတာ္ ၈၈ ပါး၊ ကပၸိယ ၂၃ ေယာက္ရွိသည့္အနက္ သံဃာေတာ္ ၇၆ပါးႏွင့္ ကပၸိယ ၁၄ ေယာက္တြင္ ကိုဗစ္ပိုးေတြ႕ရွိခဲ့ၿပီးယခုအခါ သံဃာေတာ္ ၇၆ ပါးေဆးရံုမွဆင္းခြင့္ ရရွိေၾကာင္း ၎ကေျပာသည္။

“သံဃာေတာ္ ၇၆ ပါးကျပန္ဆင္းလာၿပီ။ကပၸိယေတြ႕ကေတာ့ဘုရင့္ေနာင္စင္တာမွာပဲရွိေသးတယ္ ျပန္မဆင္း လာေသးဘူး” ဟု ပန္းဘဲတန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးေက်ာ္ခိုင္ကေျပာသည္။

ယခုအခါ မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္တြင္ ျပန္ဆင္းလာသည့္ သံဃာေတာ္မ်ားအား ၇ ရက္ သီးသန္႔ ကန႔္သတ္မူျပဳလုပ္ထားေၾကာင္း ၎ကေျပာသည္။

အင္းစိန္ရြာမပရိယတၱိစာသင္တိုက္မွ COVID ကူးစက္ခံရသည့္ သံဃာေတာ္မ်ားသည္ ေရာဂါေပ်ာက္ကင္း၍ ေက်ာင္းတိုက္၌ ျပန္လည္သတင္းသံုးခြင့္ရရွိခဲ့သည္။

#PeopleMedia #COVID19 #ပန္းဘဲတန္းၿမိဳ႕

(unicode)
မဟာသိမ်တော်ကြီးကျောင်းတိုက်ရှိ သံဃာတော် ၇၆ ပါး COVID -19 ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိ
………………………………………………..

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ မဟာသိမ်တော်ကြီးကျောင်းတိုက်ရှိ သံဃာတော် ၇၆ ပါး ရောဂါပျောက်ကင်း ၍ ဆေးရုံမှဆင်းခွင့်ရရှိကြောင်း ပန်းဘဲတန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ကပြောသည်။

ပန်းဘဲတန်းမြို့နယ်အတွင်းရှိ မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် အောက်တိုဘာ ၅ ရက် နံနက်ပိုင်း Covid ပိုးတွေ့ရှိသူ သံဃာတော်နှင့် ကပ္ပိယ စုစုပေါင်း ၉၀ ဦးရှိခဲ့ပြီး ယခုအခါ သံဃာ ၇၆ ပါး ရောဂါမှ ပြန်လည်သ က်သာလာကြောင်း ပန်းဘဲတန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ကပြောသည်။

မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် သံဃာတော် ၈၈ ပါး၊ ကပ္ပိယ ၂၃ ယောက်ရှိသည့်အနက် သံဃာတော် ၇၆ပါးနှင့် ကပ္ပိယ ၁၄ ယောက်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးယခုအခါ သံဃာတော် ၇၆ ပါးဆေးရုံမှဆင်းခွင့် ရရှိကြောင်း ၎င်းကပြောသည်။

“သံဃာတော် ၇၆ ပါးကပြန်ဆင်းလာပြီ။ကပ္ပိယတွေ့ကတော့ဘုရင့်နောင်စင်တာမှာပဲရှိသေးတယ် ပြန်မဆင်း လာသေးဘူး” ဟု ပန်းဘဲတန်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်ကပြောသည်။

ယခုအခါ မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် ပြန်ဆင်းလာသည့် သံဃာတော်များအား ၇ ရက် သီးသန့် ကန့်သတ်မူပြုလုပ်ထားကြောင်း ၎င်းကပြောသည်။

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ COVID ကူးစက်ခံရသည့် သံဃာတော်များသည် ရောဂါပျောက်ကင်း၍ ကျောင်းတိုက်၌ ပြန်လည်သတင်းသုံးခွင့်ရရှိခဲ့သည်။

#PeopleMedia #COVID19 #ပန်းဘဲတန်းမြို့


Share this post