• Follow Us on

Home မဟာအင်အားကြီးနိုင်ငံတွေက စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားရမှာဖြစ်ကြောင်း တရုတ်ပြော

မဟာအင်အားကြီးနိုင်ငံတွေက စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားရမှာဖြစ်ကြောင်း တရုတ်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၇

 

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံအစည်းအဝေးကို ရည်ညွှန်းပြီး မဟာအင်အားကြီးနိုင်ငံ တွေဟာ စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားရမှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် ပါတယ်။

 

တောင်တရုတ်ပင်လယ်၊ တခြားကိစ္စတွေအရေးနဲ့ပတ်သက်ပြီး ဒေသတွင်း အငြင်းပွားမှုတွေရင်ဆိုင်နေရတဲ့ကာ လမှာ တရုတ်နိုင် ငံရဲ့တံခါးဝမှာ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့အစည်းတွေ လာရောက်ဖွဲ့ စည်းနေတာကို စိုးရိမ်ပူပန်မိကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

“နားလည်မှုလွဲမှားတာတွေ၊ မတူကွဲပြားတဲ့အကျိုးစီးပွားတွေ ဒါမှမဟုတ် ပြင်ပဝင်ရောက်စွက်ဖက်မှုတွေကြောင့် နိုင်ငံတွေကြားမှာ သဘောမတူမှုတွေနဲ့ အငြင်းပွားမှှုတွေဖြစ်ပေါ်လာနိုင်တာပါပဲ။” လို့ ဂျကာတာမှာကျင်းပတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ အာဆီယံအပေါင်းသုံးနိုင်ငံအစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် လီချန်က ပြောပါ တယ်။

 

“မတူကွဲပြားမှုတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့အတွက် လက်ရှိအချိန်မှာလိုအပ်တဲ့အရာကတော့ တစ်ဖက် ဖက်ကိုထောက်ခံတာကို ဆန့်ကျင်ဖို့၊ အဖွဲ့အလိုက်ထိပ်တိုက်တွေ့ဆုံတာကို ဆန့်ကျင်ဖို့နဲ့ စစ်အေးတိုက်ပွဲသစ် တစ်ခုဖြစ်ပေါ်လာမှာကို ဆန့်ကျင်ဖို့ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ဟာ တရုတ်၊ ဂျပန်၊ တောင်ကိုရီး ယား၊ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့နဲ့အတူ သီးခြားအစည်းအဝေးတွေ ကျင်းပလျက်ရှိပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်အစား တရုတ်ဝန်ကြီးချုပ်လီချန်က အစည်းအဝေးတက်ရောက်ခဲ့သလို အမေရိကန် သမ္မတဂျိုးဘိုင်ဒန်အစား အမေရိကန်ဒုတိယသမ္မတကမ်မလာဟားရစ် တက်ရောက်ခဲ့ပါတယ်။

 

ပထဝီနိုင်ငံရေးဆိုင်ရာပြဿနာတွေကို အဓိကထားဆွေးနွေးသွားမယ်လို့ ခန့်မှန်းထားကြတဲ့ ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်တက်ရောက်ဖို့ စီစဉ်ထားတဲ့ ကြာသပတေးနေ့မှာကျင်းပမယ့် ၁၈ နိုင်ငံပါဝင်တဲ့ အရှေ့အာရှအစည်းအဝေးမစတင်ခင် ဗုဒ္ဓဟူးနေ့မှာ အာဆီယံအစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

 

ဗုဒ္ဓဟူးနေ့က ဂျကာတာမြို့ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်ရောက်ရှိလာပုံကို အင်ဒိုနီးရှားမှာရှိတဲ့ ရုရှားသံရုံးက လူမှုကွန်ရက်ပေါ်မှာတင်ထားခဲ့ပါတယ်။

 

“ဒုတိယသမ္မတဟာ အင်ဒို-ပစိဖိတ်ဒေသနဲ့ အာဆီယံဗဟိုပြုအတွက် ရေရှည်ခိုင်မြဲတဲ့ ကတိကဝတ်ကို အလေး ထားပြောကြားသွားမှာဖြစ်ပါတယ်။” လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်က အင်္ဂါ နေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

မြန်မာအစိုးရရဲ့ အဓိက သံတမန်မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ဆွေးနွေးမယ့် အစည်းအဝေးတွေမှာ မြန်မာ့အ ရေးကို အဓိကထားဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: China warns against ‘new Cold War’ as big powers meet in SE Asia

 

#PeopleMedia


Share this post