မဟာအောင်မြေနှင့် ချမ်းမြသာစည်တို့တွင် ကျပ် (၂၃၉၆.၁၅) သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - July 13, 2023
နေပြည်တော်၊ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၂၃၉၆.၁၅ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဇူလိုင်လ ၁၂ ရက်နေ့ ၁၂း၃၀ အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်မျာသည် သတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ လမ်း၊ ၄၂ x ၄၃ လမ်းကြားတွင် ဆွတ်ရိန်အောင် မောင်းနှင်ပြီး အောင်ပြည့်ဖြိုး(ခ)ကိုပြည့်နှင့် စိုင်းစိုင်းကောင်း မြတ်တို့လိုက်ပါလာသည့် KIA OPTIMA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ် မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၄ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၆ သိန်း)၊ အက်တက်စီဆေးပြား ၃ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၅ သိန်း)၊ Happy Water အလေးချိန် ၁၀ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၂ သိန်း) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၁၃၃၀ အချိန် ဆွတ်ရိန်အောင် နေထိုင်သည့် ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၇ လမ်းကြားရှိ နေအိမ်အတွင်းမှ ကက်တမင်း အလေးချိန် ၈၃၄.၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၃၃.၈ သိန်း)၊ အက်တက်စီဆေးပြား ၁၉၈၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၉၀ သိန်း)၊ Happy Water အလေးချိန် ၈၈၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၅၆ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၅ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၂၅ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဆွတ်ရိန်အောင်(၂၆)နှစ်၊ အောင်ပြည့်ဖြိုး(ခ)ကိုပြည့်(၃၄)နှစ် နှင့် စိုင်းစိုင်းကောင်းမြတ်(၂၀)နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia