• Follow Us on
Latest News

Home မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၉

 

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦးထံ ငွေကျပ် ၂,၃၈၃.၈ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

အောက်တိုဘာလ ၂၅ ရက်နေ့ ည နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ(မြောက်)ရပ်ကွက်၊ ၈၀ လမ်း၊ ၃၆ x ၃၇ လမ်းကြားတွင် လမ်းလျှောက်လာသူ မအိအိမျိုး(ခ)နန်းအိမြတ်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်း ဆေးဝါး Happy Water အလေးချိန် ၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ည ၉နာရီ ၄၅ အချိန် ၎င်းတည်းခိုနေထိုင်သည့် အဆိုပါမြို့နယ်၊ ဟေမမာလာ (မြောက်)ရပ်ကွက်၊ ၈၀ လမ်း၊ ၃၆ x ၃၇ လမ်းကြားရှိ ဟိုတယ်အခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၁.၉၂၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၃၀၈.၈ သိန်း)နှင့် အက်တက်စီဆေးပြား ၄၅ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇ သိန်း)တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မအိအိမျိုး(ခ)နန်းအိမြတ်(၂၇)နှစ်အား အမှတ်(၉)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post