• Follow Us on
Latest News

Home မဟာအောင်မြေမြို့နယ်ရှိ လဝကရုံးအား ဗုံးခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်များအား ဖမ်းဆီးရမိရေးလုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

မဟာအောင်မြေမြို့နယ်ရှိ လဝကရုံးအား ဗုံးခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်များအား ဖမ်းဆီးရမိရေးလုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

Share this post

နေပြည်တော်၊ ဧပြီ ၆

 

CRPH၊ NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင် မြေမြို့နယ်၊ ကျွဲဆည်ကန်(၁)လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းမကြီးလမ်းထောင့်ရှိ မဟာအောင်မြေလူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးသို့ ယမန်နေ့မွန်းလွဲပိုင်းတွင် လက်လုပ်ဗုံးဖြင့် ပစ်ခတ်သဖြင့် အပြစ်မဲ့ ဒေသခံ ပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦး သည် ဆိုင်ကယ် ၁ စီးဖြင့် ကျွဲဆည်ကန်(၁)လမ်းအတိုင်း အနောက်မှ အရှေ့ဘက်သို့မောင်းနှင်ပြီး မဟာအောင်မြေမြို့နယ်၊ ကျွဲဆည်ကန် (၁) လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းကြီးလမ်းထောင့်ရှိ မဟာအောင်မြေလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးအတွင်းသို့ လက်လုပ်မိုင်းဖြင့် ရက်စက်ယုတ်မာစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရုံးအတွင်းရှိ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ဝန်ထမ်း ၄ ဦးနှင့် ဒေသခံပြည်သူ ၅ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာ များ ရရှိခဲ့သည်။ အဆိုပါ ဗုံးစထိမှန်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ် သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို   အမြန်ဆုံး ဖော်ထုတ် မ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြည်သူလူထုနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post