• Follow Us on

Home မဟာအောင်မြေမြို့နယ် ဂေါဝန်ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောမီးလောင်မှုဖြစ်ပွား

မဟာအောင်မြေမြို့နယ် ဂေါဝန်ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောမီးလောင်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဂေါဝန်ဆိပ်ကမ်းတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်က ကုန်တင်သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်များအပါအဝင် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့် မွန်းလွဲ ၃ နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်းသည့် သင်္ဘောမှာ ဘိလပ်မြေအိတ်များ တင်ဆောင်ထားခြင်းဖြစ်ပြီး ပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post