မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တပေါင်းလဆန်း (၁၂) ရက်နေ့အထိသာ ဆွမ်းခံကြွမည်
PUBLISHED - March 8, 2022
စစ်ကိုင်း၊ မတ် ၈
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တပေါင်းလဆန်း ၁၂ ရက်နေ့၊ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ အထိသာ ဆွမ်းခံကြွမည်ဖြစ်ကြောင်း နတ်တလူ သာသနာပြုစခန်းမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော်မူ သော ပဉ္စဝီသတိမ (၂၅) ကြိမ်မြောက် မင်းဘိသိက်ခံ မြတ်စွာဘုရား တပေါင်းပွဲတော်ကြီးကို ကျင်းပရန်ရှိသည့် အတွက် ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ( ၁၂ ) ရက်နေ့တွင် ဆွမ်းခံကြွပြီး အပူဇော်ခံခြင်းကို ရပ်နားမည်ဖြစ် သည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခုနှစ် ဝါဆိုလပြည့် ကျော် (၁) ရက်နေ့မှစတင်၍ (၇) ရက် သားသမီးများ၏ ကုသိုလ်အကျိုးငှာ ဆွမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော်မှုသော ပဉ္စဝီသတိမ (၂၅) ကြိမ်မြောက် မင်းဘိသိက်ခံ မြတ်စွာဘုရား တပေါင်းပွဲတော်အား မတ်လ ၁၆ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ပူ ဇော်သွားမည်ဖြစ်ကြောင်း နတ်တလူသာသနာပြုစခန်းမှ သိရသည်။
#PeopleMedia
(unicode)
……………………………….
#PeopleMedia