မဟုတ်မမှန်လုပ်ကြံသတင်းများထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများမြင့်တက်စေရန်လှုံ့ဆော်သူများကို တရားစွဲအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ထုတ်ပြန်

PUBLISHED - March 16, 2024
နေပြည်တော်၊ မတ် ၁၆
မဟုတ်မမှန်လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်သူများကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲအရေးယူနိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူး ပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ သတင်းထုတ်လိုက်သည်။
Online Trading Platformတွင် ဘဏ်များနှင့် သွင်းကုန် ပို့ကုန်လုပ်ငန်းရှင်များအကြား အမေရိကန် တစ်ဒေါ် လာလျှင် ၃၃၇၅ကျပ်နှုန်းဖြင့် ရောင်းဝယ်နေသကဲ့သို့ ဗဟိုဘဏ်၏ ပံ့ပိုးမှုဖြင့် ပုဂ္ဂလိကဘဏ် ၃ ဘဏ်တို့၏ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသား ကန်ဒေါ်လာ ၃၀၀မှ ကန်ဒေါ်လာ ၅၀၀အထိကို အမေရိကန် တစ်ဒေါ်လာလျှင် ၃၁၀၀ ကျပ်နှုန်းဖြင့် အထူးအစီအစဉ်အရ ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ယင်းသို့ နိုင်ငံခြားငွေများကို ရောင်းချပေးလျက်ရှိသော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလို သော မသမာသူအဖျက်သမားများက လူမှုကွန်ယက်စာမျက်နှာများ၊ လူမှုကွန်ယက် Group များ၊ App များ၊ Wesite များမှတစ်ဆင့် မဟုတ်မမှန်လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး ငွေလဲလှယ်နှုှုန်းများ မြင့်တက်စေရန် လှုံ့ဆော်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေ လဲလှယ်ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ခ)အရ လည်းကောင်း၊ ဆက် သွယ်ရေးဥပေဒပုဒ်မ ၆၈(က)အရလည်းကောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ အရ သော် လည်းကောင်း တရားစွဲ အရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
#PeopleMedia