• Follow Us on
Latest News

Home မအူပင်မြို့နယ်တွင် ရေကန်၌ ရေဆင်းချိုးရာမှ အမျိုးသား ၁ ဦး ရေနစ်သေဆုံး

မအူပင်မြို့နယ်တွင် ရေကန်၌ ရေဆင်းချိုးရာမှ အမျိုးသား ၁ ဦး ရေနစ်သေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ် (၄) ရက်ကွက်၊ ဒီပဲယင်းဘုန်တော်ကြီးကျောင်း အတွင်းရှိ နဂါးရုံဘုရားရေကန်တွင် အောက်တိုဘာ ၂ ရက်နေ့၊ ညနေ ၆ နာရီ ၃၀ အချိန်ခန့်၊ အမျိုးသား ၁ ဦး ရေဆင်းချိုးရာမှ ရေနစ်မှုဖြစ်ပွားကြောင်း သိရသည်။

 

မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ်(၄) ရက်ကွက်၊ ဒီပဲယင်းဘုန်တော်ကြီးကျောင်အတွင်းရှိ နဂါးရုံဘုရား ရေကန်တွင် ရေဆင်းချိုးရာမှ ရေနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မအူပင်မြို့နယ်မီးသတ်စခန်းမှ ည ၇ နာရီ ၂၀ အချိန်ခန့်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမျာဆောင်ရွက်ရာ ည ၇ နာရီ ၂၅ အချိန်တွင် အမျိုးသား (၁) ဦး သေဆုံးအား တွေ့ရှိခဲ့၍ ငြိမ်းချမ်းကမ္ဘာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မအူပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post