• Follow Us on
Latest News

Home မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၅၀၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၅၀၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၉

 

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မ တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယမန်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေး အိမ်စုကျေးရွာရှိ စတုဘုမ္မိက မဟာသတိပဋ္ဌာန် ကျောင်းတိုက်၌ အခြေပြု၍ မအူပင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၅၀၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၁၈၁ ဦး၊ ခွဲစိတ်ရော ဂါ ၁၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၉ ဦး၊ ကလေးရောဂါ ၃၃ ဦး၊ အရိုးရောဂါ ၇၃ ဦး၊ နား၊ နှာခေါင်း၊ လည် ချောင်းရောဂါ ၂၁ ဦး၊ မျက်စိရောဂါ ၉၁ ဦး နှင့် သွားရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၂၀ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင် ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၁ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကု သနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ ယမန်နေ့မွန်းလွဲ ၂ နာရီ ၄၇ မိနစ်ခန့်တွင် မအူပင်မြို့နယ်၊ ထနီကျေးရွာမှ မီးဖွားလူနာ မဇင်မီမီထက်ကို ၇ပေါင် ၅ အောင်စရှိသော သားဦးရတနာလေး အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါကလေးငယ်အား ကာကွယ်ရေးဦးစီးချုပ်(ရေ)မှ မောင်စိုးထက်ရွှေဟု အမည်ပေးပြီး ထောက်ပံ့ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက ကိုယ်စားပေးအပ်ခဲ့သည်။

 

၎င်းကလေးငယ်သည် ယခုဆေးကုသမှု ခရီးစဉ်တွင် ဒုတိယမြောက်မွေးဖွားပေးခဲ့သော ကလေးငယ်ဖြစ်ပြီး မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)သမိုင်းမှတ်တမ်းတွင် ၂၈ယောက်မြောက်အဖြစ် အောင်မြင်စွာ မွေး ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia


Share this post