မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားများသို့ ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်အပါး ၉၀၀ တက်ရောက်ချီးမြှင့်
PUBLISHED - August 2, 2023
နေပြည်တော်၊ ဩဂုတ် ၂
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိ ဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ယမန်နေ့က ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ သတ်မှတ်နေရာများ တွင် ကျင်းပရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးဩဝါဒါစရိယ ဆရာတော်ကြီးများ ဖြစ်တော်မူ သည့် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင် သာသနာပိုင် ဆရာတော်၊ သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာ ဏိဿရ နှင့် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်း တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ၊ တို့အမှူးပြုသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော် အပါး ၉၀၀ ၊ သာသနာ နွယ်ဝင် သီလရှင် ဆရာကြီး အပါး ၂၀ တို့ကြွရောက် ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘု ရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ မိသားစုဝင်များနှင့်အတူ တာဝန်ရှိသူများ တက်ရောက် ကြည်ညို ပူဇော်ကြသည်။
ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ရွှေကြာသင်္ကန်း တော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် သံဃာတော် ၈၅၅ ပါးတို့အား ရင်ပြင်တော်ပေါ်ရှိ သံဃာတော်မဏ္ဍပ်ကြီး ၄ ဆောင်သို့လည်းကောင်း၊ အနေကဇာတင်ပူဇော်နိုင်ရေးအတွက် ပါဠိဆရာတော်အမှူး ပြုသော သံဃာတော် ၁၂ ပါးတို့အား မုစလိန္ဒနှင့် သာသနာ့ဗိမာန်တော်သို့လည်းကောင်း၊ မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးမည့် ဆရာတော် ၅ ပါးတို့အား မာရဝိဇယ ကျောင်းတော်သို့လည်းကောင်း၊ မဟာထေရ် ၉ ပါးတို့အား ထေရာသနနေရာသို့လည်း ကောင်း ဥပါသကာများက ပင့်ဆောင်ကြပြီး မင်္ဂလာဘိသိက်ပန်း၊ အောင်တံခွန်၊ အောင်ကုက္ကားများ ဆက်ကပ်ကြသည်။
ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ပနိုင်ငံများမှ သံဃာတော်များက ဗုဒ္ဓါဘိသေကအနေ ကဇာတင်ပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် သီတဂူဆရာတော်ကြီးထံ အခမ်းအနားကို လွှဲအပ်သည်။
ထို့နောက် ကြွရောက်တော်မူကြသည့် ကမ္ဘောဒီးယားနိုင်ငံမှ သံဃာတော် ၆ ပါး၊ ထိုင်းနိုင်ငံမှ သံဃာတော် ၁၁ ပါး၊ နီပေါနိုင်ငံမှ သံဃာတော် ၁၀ ပါး ၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော် ၁၁ ပါး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာ တော် ၁၀ ပါး၊ လာအိုနိုင်ငံမှ သံဃာ တော် ၆ ပါး၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော် ၁၁ ပါးနှင့် အိန္ဒိယနိုင်ငံမှ သံဃာတော် ၅ ပါး၊ တို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါ ဘိ သိက် သွန်းတော်မူကြသည်။
ထို့အတူ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်းမှ သံဃာ တော်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဒါန်းပါဠိတော်လာနည်းအတိုင်း ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိ သိက်သွန်းတော်မူကြသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးက ဇယောဟိ ဗုဒ္ဓဿ သီရိမတော အစချီ ဇယမင်္ဂလာ အောင်ဘိသိက်ဂါ ထာတော်ကို ရွတ်ဆိုပူဇော်၍ ဂါထာတော်ပြီးဆုံးချိန်တွင် သာဓုသုံးကြိမ်ခေါ်ဆိုပြီး လျှပ်ပန်းရောင်စုံ မီးပန်းစုံ တို့ဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပူဇော်ခဲ့သည်။
ယင်းနောက် ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ဆက်လက်ကျင်းပခဲ့သည်။
#PeopleMedia