• Follow Us on
Latest News

Home မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် သြဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ ထပ်မံ၍ ရက်တိုးမြှင့်အခမဲ့ဖူးမြော်ခွင့်ပြုမည်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် သြဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ ထပ်မံ၍ ရက်တိုးမြှင့်အခမဲ့ဖူးမြော်ခွင့်ပြုမည်

Share this post

နေပြည်တော်၊ သြဂုတ် ၁၆

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစ၍ ၁၆ ရက်အထိ  နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိရာ ဘုရားဖူးများဖြင့် အထူးစည်ကားလျက်ရှိသည်ကို တွေ့ရှိရ သဖြင့် ရပ်နီး၊ ရပ်ဝေးမှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန်အတွက် ဩဂုတ် ၁၇ ရက်မှ ၁၉ ရက် အထိ ထပ်မံ၍ ရက်သတ်မှတ်တိုးမြှင့် အခမဲ့ဖူးမြော်ကြည် ညိုခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သြဂုတ်လ ၁၅ ရက်တွင်လည်း နံနက် ၆ နာရီမှစတင်၍ အများပြည်သူ ဖူးမြော်ကြည်ညို ခွင့်ပြုခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဩဂုတ် ၂၀ ရက်နှင့်နောက်ပိုင်း လာရောက်ဖူးမြော်ကြသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ် ပါဝင်နိုင်ရေး မြန်မာနိုင်ငံသား လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် 10 USD နှုန်းတို့ဖြင့် သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ Website ဖြစ်သည့် mbiw.myannet.com၊ www.twitter.com/Maravijaya- နှင့် t.me/Maravijaya တို့တွင် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

 

#PeopleMedia


Share this post