• Follow Us on
Latest News

Home မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လာရောက်ဖူးမျှော်မည့်ရဟန်းသံဃာများ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဟု နစကဥက္ကဋ္ဌပြောကြား

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လာရောက်ဖူးမျှော်မည့်ရဟန်းသံဃာများ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဟု နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၂၁

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လာရောက်ဖူးမျှော်မည့် ရဟန်းသံဃာများ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံ ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၁၉ ရက် နေ့မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အချို့နိုင်ငံများရှိဘုရားများ၌လည်း ဝင်ကြေးများ ပေးဆောင်၍ ဝင်ကြရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမန်ပြည်သူများဖူးမြော် နိုင်သည့် သတ်မှတ်နှုန်းထားများကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊ ဘုရားကြီးထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဂေါပက အဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ် ဆောင်ရွက်ရန်လိုကြောင်း၊ ဂေါပကအဖွဲ့ ဖွဲ့စည်းရာတွင်လည်း သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခန့်အပ်နိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။

 

ဘုရားကြီးအတွင်းသို့ စည်းကမ်းမဲ့ဝင်ရောက်မှုများမရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများ သွား လာမှုအဆင်ပြေစေရေးအတွက်လည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ဘုရားဖူးကားများစနစ်တကျ ရှိစေရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ ရဟန်းသံဃာများ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ဘုရားကြီးတည် တံ့ခိုင်မြဲရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက် နိုင်ရန် လိုအပ်သည့်ငွေကြေးများရရှိရေး စက်တင်ဘာ ၃ ရက် နောက်ပိုင်းတွင် ဝင်ကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ရရှိသည့် အခြေအနေအပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကပြောကြားခဲ့သည်။

 

ယင်းနောက် အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ကြီးတွင်လည်းကောင်း၊ ဂန္ဓာကုဋိ တိုက်များတွင်လည်းကောင်း၊ စိုက်ပျိုးထားသည့် မဟာဗောဓိညောင်ပင် ပရိဝုဏ်အတွင်းတွင်လည်းကောင်း၊ ရေပန်းရင်ပြင် တွင်လည်းကောင်း၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်းလည်းကောင်း လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားဖူးလာ ပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နုတ်ဆက်ခဲ့သည်။

 

#PeopleMedia


Share this post