• Follow Us on
Latest News

Home မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား နစကဥက္ကဋ္ဌ သွားရောက်ဖူးမြော်ကြည်ညို၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား နစကဥက္ကဋ္ဌ သွားရောက်ဖူးမြော်ကြည်ညို၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်

Share this post

နေပြည်တော်၊ ဩဂုတ် ၂၈

 

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယမန်နေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ရုံးသို့ ရောက်ရှိပြီး တာဝန်ရှိသူများ အား တွေ့ဆုံကာ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် ဖူးမြော်နိုင်ရေး လိုအပ် သည်များ စီမံဆောင်ရွက်ထားရှိရန်၊ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိက အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး၊ သန့်ရှင်းသာယာပြီး ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေး အတွက် လိုအပ်သည့် ထိန်းသိမ်းမှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည် များကို မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ရင်ပြင်တော်တွင်လည်းကောင်း၊ ဂန္ဓာကုဋိတိုက်များတွင်လည်းကောင်း၊ ကျောက်စာရုံစေတီတော်များ အတွင်း၌လည်းကောင်း လှည့်လည်ကြည်ညိုကြပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကို ခင်မင် ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့သည်။

 

#PeopleMedia


Share this post